Monday, August 17, 2020

COVID-19 ကပ်ရောဂါကြောင့် အမေရိကန်-တောင်ကိုးရီးယား စစ်ရေးလေ့ကျင့်ခန်း များပြုလုပ်ရန်ရက်ရွေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် နွေရာသီတွင်နှစ်စဉ်ကျင်းပပြုလုပ်သည့် အမေရိကန်-တောင်ကိုးရီးယားစစ်ရေးလေ့ကျင့်ခန်းများကို သတ်မှတ်ရက်ထက် ၂ ရက် နောက်ကျပြီး အင်္ဂါနေ့တွင် ကျင်းပပြုလုပ်မည်ဟု တောင်ကိုးရီးယားတပ်မတော်မှ သတင်းအရင်းအမြစ်များက ပြောကြားခဲ့ကြောင်း Yonhap မှ တင်ပြခဲ့ပါသည်။
အဆိုပါလေ့ကျင့်ခန်းသည် computer-simulated command လေ့ကျင့်ခန်း များ ဖြစ်ပြီး ပြီးခဲ့သောတနင်္ဂနွေနေ့မှ စ၍ဩဂုတ်လ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း ပူးတွဲစစ်ဉီးချုပ်မှ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။“COVID-19 ကပ်ရောဂါအခြေအနေနှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားမှုများ ပြုလုပ်ပြီး ညှိုနှိုင်းမှုကို ပြုလုပ်ခဲ့ရကြောင်း” ပူးတွဲစစ်ဦးစီးချုပ်မှ ပြောကြားခဲ့ပါသည်။
“ကနဦးအစီအစဉ်အရ စစ်ရေးလေ့ကျင့်ခန်းကို တနင်္ဂနွေနေ့တွင် ကျင်းပရန် ရည် ရွယ်ထားသော်လည်း ပြီးခဲ့သော သောကြာနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေး ခဲ့ရာ တောင်ကိုးရီးယားတပ်မတော်သားတစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း” တပ်မတော်အရာရှိကြီးများက ပြောကြားခဲ့ပါသည်။ ရောဂါပိုးတွေ့ခဲ့သော အရာရှိနှင့် ထိတွေ့ဆက်ဆံခဲ့သော တပ်မတော်သားအရာရှိ ၇၀ ဦး ရှိသော်လည်း ၎င်းတို့တွင် ရောဂါပိုးကင်းစင်ကြောင်း Yonhap သတင်းဌာနမှ ပြောကြားခဲ့ပါသည်။ အရာရှိ အယောက် ၅၀၀ အား စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေ သည့်အတွက် စစ်ရေးလေ့ကျင့်မှုပြုလုပ်မည့် ရက်ကို ရွေ့ဆိုင်းခဲ့ရပါသည်။
ပုံမှန်အားဖြင့် အမေရိကန်-တောင်ကိုးရီးယားစစ်ရေးလေ့ကျင့်မှုကို နွေရာသီနှင့် နွေဦးရာသီတွင် ကျင်းပလေ့ရှိသည်။ ယခုနှစ်နွေဦးရာသီတွင် ကျင်းပမည့် စစ်ရေးလေ့ ကျင့်ခန်းကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဖျက်သိမ်းခဲ့ရပါသည်။ COVID-19 ကပ်ရောဂါကြောင့် US mainland မှ အမေရိကန်တပ်များနှင့် ဂျပန်နိုင်ငံမှ ပါဝင်နိုင်ခြင်းမရှိသည့်အတွက် ယခုနှစ်ကျင်းပမည့် နွေရာသီစစ်ရေး လေ့ကျင့်ခန်းများအား အကျဉ်းခြုံး ကျင်းပနိုင်ရန် ရည်ရွယ်ထားကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့ပါသည်။
ပြီးခဲ့သော တနင်္ဂနွေနေ့က တောင်ကိုးရီးယားနိုင်ငံတွင် COVID-19 လူနာသစ် ၁၆၆ ဦးတွေ့ရှိခဲ့ပြီး လွန်ခဲ့သော ၅ လ ထက် စံချိန်တင်တွေ့ရှိခဲ့မှုဖြစ်ခဲ့ပါသည်။ ဆိုးလ် မြို့နှင့် ဘုရားကျောင်းစသည့်နေရာများ၊ မြို့ကြီးများတွင် လူစုလူဝေးများကို တွေ့ရှိရ ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
Source - CGTN #Myanmar_Online_News

0 comments:

Post a Comment