Friday, August 14, 2020

လာအိုတွင် ရက်အတန်ကြာ လူနာသစ်မတွေ့ရှိရာမှ COVID-19 အတည်ပြုလူနာသစ် ၂ ဦးအား ထပ်မံ စစ်ဆေးတွေ့ရှိ

လာအိုနိုင်ငံတွင် ပြည်ပနိုင်ငံများမှ လာအိုနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသည့် လူ ၂ ဦးတွင် COVID-19 ရောဂါစစ်ဆေးတွေ့ရှိခဲ့ကြောင်း လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗီယန်ကျန်းမြို့တွင် ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲဝယ် ပြောကြားသည်။
အဆိုပါ လူနာသစ်နှစ်ဦးတို့မှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။
အဆိုပါ လူနာသစ် ၂ ဦးအား Mittaphab ဆေးရုံတွင် ကုသမှုဆောင်ရွက်ပေးလျှက်ရှိပြီး၊ အခြေအနေကောင်းမွန်ကြောင်းသိရသည်။
လာအိုနိုင်ငံတွင် ပထမဆုံးသော COVID-19 အတည်ပြုလူနာ ၂ဦးကို မတ်လ ၂၄ ရက်နေ့က စတင်တွေ့ရှိခဲ့သည်။ ဧပြီ ၁၂ ရက်နေ့က ၁၉ ဦးမြောက်အတည်ပြုလူနာကိုစစ်ဆေးတွေ့ရှိခဲ့ပြီး ရက်အတန်ကြာ လူနာသစ်မတွေ့ရှိပဲနေခဲ့ရာမှ၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် ၂၀ ဦးမြောက် အတည်ပြုလူနာကိုစစ်ဆေးတွေ့ရှိခဲ့ကာ၊ နောက်ဆုံး အတည်ပြုလူနာသစ် ၂ ဦးကို ယမန်နေ့က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခုအခါ လာအိုနိုင်ငံတွင် COVID-19 ကူးစက်ခံရသူစုစုပေါင်း ၂၂ ဦးရှိပြီဖြစ်ကာ၊ ၁၉ ဦးသက်သာပျောက်ကင်းခဲ့ပြီး၊ သေဆုံးသူတစ်ဦးမျှ မရှိချေ။
crd-Popular News Journal #Myanmar_Online_News
>>zawgyi<<
လာအိုတွင် ရက်အတန်ကြာ လူနာသစ်မတွေ့ရှိရာမှ COVID-19 အတည်ပြုလူနာသစ် ၂ ဦးအား ထပ်မံ စစ်ဆေးတွေ့ရှိ
Saturday, August 15, 2020
လာအိုနိုင်ငံတွင် ပြည်ပနိုင်ငံများမှ လာအိုနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသည့် လူ ၂ ဦးတွင် COVID-19 ရောဂါစစ်ဆေးတွေ့ရှိခဲ့ကြောင်း လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗီယန်ကျန်းမြို့တွင် ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲဝယ် ပြောကြားသည်။
အဆိုပါ လူနာသစ်နှစ်ဦးတို့မှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။
အဆိုပါ လူနာသစ် ၂ ဦးအား Mittaphab ဆေးရုံတွင် ကုသမှုဆောင်ရွက်ပေးလျှက်ရှိပြီး၊ အခြေအနေကောင်းမွန်ကြောင်းသိရသည်။
လာအိုနိုင်ငံတွင် ပထမဆုံးသော COVID-19 အတည်ပြုလူနာ ၂ဦးကို မတ်လ ၂၄ ရက်နေ့က စတင်တွေ့ရှိခဲ့သည်။ ဧပြီ ၁၂ ရက်နေ့က ၁၉ ဦးမြောက်အတည်ပြုလူနာကိုစစ်ဆေးတွေ့ရှိခဲ့ပြီး ရက်အတန်ကြာ လူနာသစ်မတွေ့ရှိပဲနေခဲ့ရာမှ၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် ၂၀ ဦးမြောက် အတည်ပြုလူနာကိုစစ်ဆေးတွေ့ရှိခဲ့ကာ၊ နောက်ဆုံး အတည်ပြုလူနာသစ် ၂ ဦးကို ယမန်နေ့က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခုအခါ လာအိုနိုင်ငံတွင် COVID-19 ကူးစက်ခံရသူစုစုပေါင်း ၂၂ ဦးရှိပြီဖြစ်ကာ၊ ၁၉ ဦးသက်သာပျောက်ကင်းခဲ့ပြီး၊ သေဆုံးသူတစ်ဦးမျှ မရှိချေ။
crd-Popular News Journal #Myanmar_Online_News

0 comments:

Post a Comment