Monday, August 24, 2020

စစ်ကိုင်းမြို့တိုင်းအဝင်‌ နေရာ၌ COVID-19စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်

COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေး အတွက် စစ်ကိုင်းမြို့၊ ဧရာဝတီတံတား(ရတနာပုံ)အဆင်း၊စစ် ကိုင်းတိုင်းအဝင်‌ မုခ်ဦးအနီးကျန်းမာရေးစစ်ဆေးရေးဂိတ်အား ပြန်လည်ထားရှိပြီးစစ်ဆေးမှုများမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဧရာဝတီတံတား(ရတနာပုံ)အဆင်း စစ်ကိုင်းတိုင်းဒေသကြီးအဝင်ဇေယျာရွှေမြေမုခ်ဦးအနီးယာယီ စစ်ဆေးရေး စခန်း ပြန်လည်ပြုပြင်တည်ဆောက် နိုင်ရေး အတွက်ယနေ့ ဩဂုတ် ၂၃ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှုးဦးကျော်ခိုင်ထွန်း၊စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဝင်းနိုင် နှင့် တာဝန် ရှိသူများ ကွင်းဆင်း စီမံဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
''ယာယီရပ်နားထားတဲ့ စစ်ကိုင်းတိုင်းအဝင် (စစ်ကိုင်းမြို့အဝင်) ကိုဗစ်စစ်ဆေးရေးဂိတ်ကို ပြန်လည်ထားရှိသွားမှာပါ။ ရခိုင်ပြည်နယ်၊စစ်တွေမြို့မှာ ကိုဗစ်ကူးစက်မှုတွေများလာတဲ့ အခြေအနေဖြစ်လာလို့၊စစ်ကိုင်း တိုင်းကို ကူးစက်လာနိုင်မယ့်အနေအထားမျိုးတွေမဖြစ်လာဖို့နဲ့ ကိုဗစ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်နိုင်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ စနစ်တကျလုပ်ကိုင်ဆောင်ရွက်သွားမှာပါ။ယခင်စစ်ဆေးခဲ့တဲ့ လုပ်ငန်းစဉ်အတိုင်းကို ကိုဗစ်စစ်ဆေးရေးမှာ ပါဝင်ဖွဲ့စည်းထားတဲ့ ဌာနဆိုင်ရာတွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒီနေ့က စပြီး စီစစ်ဆောင်ရွက်သွားပါမယ်''ဟု စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌဦးဝင်းနိုင်ကပြောကြား သည်။
ယခင်က ဧရာဝတီတံတား(ရတနာပုံ)အဆင်းလမ်း၊စစ်ကိုင်းမြို့အဝင် နေရာတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ထားရှိဆောင်ရွက်လျက်ရှိရာမှ ကုန်စည်းစီးဆင်းမှု မြန်ဆန်စေရန် ဇူလိုင်လ တတိယအပတ်က စတင်၍ ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ဖျက်သိမ်း၍ ရပ်နားခဲ့ရာ ယခုအခါတွင် Covid -19 ရောဂါဖြစ်ပွားမှုနှုန်းပြန်လည်မြင့်တက်လာသည့် အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ပြန်လည်ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှုများဆာင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Source - ဇေယျာတိုင်းမ်

0 comments:

Post a Comment