Wednesday, August 26, 2020

ယနေ့စံချိန်တင် COVID-19 လူနာ (၇၀) ဦး ထပ်တိုးသောကြောင့် မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း (၅၇၄) အထိရှိလာ

၁။ (၂၅-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၁၈)ခုနှင့်
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၀၇)ခု၊
စုစုပေါင်း (၈၂၅)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၀) ဦး တွေ့ရှိရပါသည်။
၂။ (၂၆-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၅၇၄) ဦး ရှိပြီ ဖြစ်ပါသည်။
၃။ ဓာတ်ခွဲစစ်ဆေးပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

0 comments:

Post a Comment