Monday, August 24, 2020

COVID-19 သက်သာသည့်လူနာများထံမှ သွေးရည်ကြည်ဖြင့် လူနာများအား ကုသရန် အမေရိကန် ခွင့်ပြု

အမေရိကန်တွင်သေဆုံးသူ ၁၇၆၀၀၀ ကျော်နေသည့် COVID-19 ရောဂါကို ရောဂါသက်သာ သည့်လူနာများထံမှသွေးရည်ကြည်အသုံးပြုကုသရန် ဆရာဝန်များထံ အမေရိကန်အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ညွှန်ကြားခဲ့ကြောင်း သိရသည်။
သွေးရည်ကြည်တွင် ရောဂါများကို မြန်မြန်ဆန်ဆန်တိုက်ထုတ်နိုင်ရန်ကူညီပေးသော စွမ်းဆောင်ရည်ကောင်း မွန်သည့် ကိုယ်ခံအားစနစ်များပါဝင်နေပြီး ရောဂါကြောင့်လူများဆိုးဆိုးရွားရွားထိခိုက်ခြင်းကို ကာကွယ်ပေး သည်ဟု ယူဆရသည်။ သွေးရည်ကြည်များသည် COVID-19 ကိုကုသရာတွင် အကျိုးရှိနိုင်သည်ဟု FDA ထုတ်ပြန်ချက်တွင်ပါ ဝင်သည်။
အမေရိကန်ပြည်ထောင်စုနှင့်အခြားနိုင်ငံများမှလူနာများကို ကုသရာတွင်အသုံးပြုနေကြချိန်တွင် အကျိုးသက် ရောက်မှုကို ကျွမ်းကျင်သူများကြား အငြင်းပွားနေကြပြီး ဘေးထွက်ဆိုးကျိုးများရှိလာနိုင်သည်ဟု အချို့က သတိပေးနေသည်။
>>zawgyi<<

0 comments:

Post a Comment