Thursday, August 13, 2020

"COVID-19 ရောဂါကူးစက်မှုနှုန်းမြင့်တက်နေသည့် အိန္ဒိယနိုင်ငံတွင် သမ္မတဟောင်း ပရာနက်မူခါဂျီကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရ"

အိန္ဒိယသမ္မတ ဟောင်း ပရာနက်မူခါဂျီသည် နယူးဒေလီမြို့ရှိ စစ်ဆေးရုံတစ်ခုတွင် ခွဲစိတ်ကုသမှုခံယူပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသောကြောင့် အသက်ရှူကိရိယာ တပ်ထားရကြောင်း အမည်မဖော်သော သတင်းရင်းမြစ်များအား ကိုးကား၍ ပြည်တွင်းသတင်းဌာနများက ဖော်ပြသည်။
၂၀၁၂ မှ ၂၀၁၇ အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည့် မူခါဂျီ (၈၄)နှစ် ရောဂါကူး စက်ခံရသည့်သတင်းသည် နေ့ စဉ် ရောဂါကူးစက်သူ ၅၀,၀၀၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန် ကြီးဌာနက ကြေညာထားစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
မူခါဂျီသည် ၎င်း၏ ဆယ်စု နှစ်များစွာကြာသော နိုင်ငံရေးသမားဘဝတွင် ဘဏ္ဍာရေး၊ နိုင်ငံ ခြားရေးနှင့် ကာကွယ်ရေးဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့သည်။ သီးခြားရောဂါတစ်ခုကြောင့် ဆေးရုံတက်နေချိန်တွင် COVID-19 ရောဂါကူးစက်ခံရကြောင်း မူခါဂျီက တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က မိမိနှင့် ထိတွေ့ခဲ့သူအားလုံး သီးခြားနေထိုင်ကြရန်နှင့် COVID -19 ရောဂါစစ်ဆေးမှုခံယူကြရန် ၎င်းက တိုက်တွန်းထားသည်။အိန္ဒိယတွင် အတည်ပြုပြီး ပိုးတွေ့လူနာ ၂ ဒသမ ၂ သန်း ကျော်ရှိပြီး အမေရိကန်နှင့် ဘရာဇီးပြီးနောက် ကမ္ဘာ့ကပ်ရောဂါ ဒဏ်ကို တတိယမြောက် အဆိုးရွားဆုံးခံရသည့်နိုင်ငံဖြစ်သည်။
Crd : 7Day

0 comments:

Post a Comment