Wednesday, August 12, 2020

အယ်လ်ဂျီးရီးယားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်း ၄,၀၂၅ ဦး ရှိပြီး ၆၉ ဦး သေဆုံး

အယ်လ်ဂျီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၄,၀၂၅ ဦး ရှိတယ်လို့ COVID-19 ပျံ့နှံ့မှု စောင့်ကြည့်ရေး သိပ္ပံပညာရပ်ဆိုင်ရာကော်မတီဝင် Djamel Fourar က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများအနက် သေဆုံးသူ ၆၉ ဦးရှိပြီး “ဒီအခြေအနေက ရောဂါကာကွယ်ရေးစည်းမျဉ်းတွေကို မလိုက်နာတဲ့ နိုင်ငံသားတွေရဲ့ တာဝန်ယူမှုကင်းမဲ့တဲ့ အလေ့အထရဲ့ ရလဒ်တွေပေါ့”ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ နိုင်ငံသားများအားလုံးအနေဖြင့် ရောဂါကူးစက်မှု အန္တရာယ်ကို ရှောင်လွှဲနိုင်ရန် ဗလီများ၊ ကမ်းခြေများနှင့် ဇိမ်ခံနေရာများကို ဖြည်းဖြည်းချင်းပြန်ဖွင့်ရာ၌ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန် Fourar က ပြောကြားခဲ့သည်။
အယ်လ်ဂျီးရီးယားနိုင်ငံတွင် ဩဂုတ် ၁၁ ရက်က COVID-19 ဖြစ်ပွားသူ ၄၉၂ ဦးရှိခဲ့ရာ နိုင်ငံအတွင်း စုစုပေါင်း သေဆုံးသူအရေအတွက် ၁,၃၂၂ အပါအဝင် ရောဂါဖြစ်ပွားသူဦးရေ ၃၆,၂၀၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
>>Zawgyi<<

0 comments:

Post a Comment