Monday, August 17, 2020

ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီးတွင် COVID-19 ထပ်မံစစ်ဆေးရာ ရောဂါပိုးထပ်မံတွေ့ရှိ

ဖိလစ်ပိုင်နိုင်ငံ ပြည်ထဲရေးဝန်ကြီး အက်ဒူရာဒို အာနိုတွင် COVID-19 ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း သြဂုတ် ၁၆ ရက်နေ့က သူကိုယ်တိုင်ကပင် အတည်ပြုပြောကြားသည်။ သူသည် လွန်ခဲ့သည့် ၄လကျော်ခန့်ကလည်း COVID-19 ကူးစက်ခံခဲ့ရဖူးသူတစ်ဦးဖြစ်သည်။
အာနိုသည် မတ်လ ၃၁ ရက်က ပထမအကြိမ် COVID-19 ကူးစက်ခြင်းခံခဲ့ရပြီး၊ ဧပြီ ၁၃ ရက်တွင် သက်သာပျောက်ကင်းခဲ့ပြီးသူတစ်ဦးဖြစ်သည်။
ဝန်ကြီးသည် ဖျားနားခြင်းနှင့်ဆင်တူသော ရောဂါလက္ခဏာ၊ လည်ချောင်းနာခြင်း ကိုယ်လက်ကိုက်ခဲခြင်း အစရှိသည်တို့ကို သြဂုတ်လ ၁၃ ရက်နေ့က ခံစားခဲ့ရသဖြင့် သြဂုတ်လ ၁၄ ရက်နေ့တွင့် ချက်ခြင်းဆိုသလိုပင် သီးသန့်ခွဲခြားနေထိုင်မှုပြုကာ COVID-19 စစ်ဆေးရန်ကိုလည်း ထိုနေ့တွင်ပင် စီစဉ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သူ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
"သြဂုတ် ၁၅ ရက်ညက ဓာတ်ခွဲစစ်ဆေးမှုအဖြေကိုရတော့ ကျွန်တော့်မှာ ပိုးထပ်မံကူးစက်နေကြောင်း သိရတော့တာပါပဲ။ အဲဒီအချိန်မှာ ကျွန်တော်ဟာ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း သီးသန့်ခွဲခြားနေထိုင်ပြီး ကုသမှုခံယူနေပါပြီ"ဟုလည်း ဝန်ကြီးကပြောသည်။
"ကျွန်တော်နဲ့ ထိတွေ့ခဲ့ဖူးကြသူတွေအားလုံးဟာလဲ သီးသန့်ခွဲခြားနေထိုင်ကြပြီး၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရောဂါလက္ခဏာရှိနေတယ်ဆိုတာ လေ့လာဆန်းစစ်ကြပြီး၊ သက်ဆိုင်ရာက ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်တွေနဲ့ အညီဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်"ဟု ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီးက သတင်းထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
Source: Rappler Crd : Popular
Ref: Eduardo Año, one of PH's top pandemic fighters, gets COVID-19 again

0 comments:

Post a Comment