Monday, August 24, 2020

COVID-19 ကာကွယ်ဆေးကို မဲခေါင်ဒေသနိုင်ငံများအတွက် ဦးစားပေးမည်ဟု တရုတ် ဆို

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေးထုတ်လုပ်ပြီး အသုံးပြုချိန်တွင် မဲခေါင်ဒေသနိုင်ငံများအတွက် ဦးစားပေး ထောက်ပံ့သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ယနေ့ တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဗီဒီယိုလင့်ခ်မှ တစ်ဆင့် ပြုလုပ်သော တတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC) ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်စဉ် ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဆန့်ကျင်တိုက်ဖျက်ရေးအတွက် စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကို ဝန်ကြီးချုပ် လီခဲ့ချန်က အလေးပေးပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) ၏ လုပ်ငန်းစဉ်ကို ထောက်ပံ့ရန် မဲခေါင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
>>zawgyi<<

0 comments:

Post a Comment