Sunday, August 16, 2020

ရုရှားနိုင်ငံမှ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်မှုလုပ်ငန်းများ စတင်နေပြီဖြစ်

သမ္မတ ဗလာဒီမာပူတင်က ကာကွယ်ဆေးတစ်မျိုးကို အတည်ပြုသည့် ကမ္ဘာ့ပထမဆုံးတိုင်းပြည်အဖြစ် ကြေညာပြီးနောက် ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ခဲ့ကြောင်း ရုရှားနိုင်ငံက ပြောကြား လိုက်သည်။
သမ္မတ ပူတင်၏ သြဂုတ်လ ၁၁ ရက်က ဗိုင်းရပ်စ်ကာကွယ်ဆေးနှင့်ပတ်သက်သော ကြေညာချက်ကို သိပ္ပံပညာရှင်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းထံမှ သတိပေးခဲ့ပြီး ဘေးအန္တရာယ်ကင်းမှု ပြန်လည်သုံးသပ် ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဂါမာလီယာအင်စတီကျု့ရဲ့ ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်ပါပြီ” ဟု ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။
လက်တွေ့စမ်းသပ်မှုများ မပြီးဆုံးသေးသလို လူပေါင်း ၂၀၀၀ ကျော်ပါဝင်သော နောက်ဆုံးအဆင့် စမ်း သပ်မှုကို ယခုအပတ်အတွင်း စတင်ခဲ့သော်လည်း ဗိုင်းရပ်စ်ကာကွယ်ဆေးက အန္တရာယ်ကင်းပြီး သမီးတစ်ဦးကို ကာကွယ်ဆေးထိုးခဲ့ကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့သည်။
အနောက်နိုင်ငံများမှ သိပ္ပံပညာရှင်များက ကာကွယ်ဆေးတစ်မျိုး မြန်ဆန်စွာ ထုတ်လုပ်မှုက အန္တရာယ် များကြောင်း သတိပေးခဲ့သော်လည်း ရုရှားနိုင်ငံ၏ သုတေသသနကို ထိခိုက်စေသည့် ကြိုးပမ်းမှုတစ်ရပ်ဟုဆိုကာ ပူတင်က ဝေဖန်မှုများကို ရှုတ်ချခဲ့သည်။
ရုရှားနိုင်ငံထုတ် ဗိုင်းရပ်စ်ကာကွယ်ဆေးကို ၁၉၅၇ ခုနှစ်တွင် အာကာသအတွင်း ပထမဆုံးအကြိမ် လွှတ် တင်ခဲ့သည့် ဆိုဗီယက်ခေတ် ဂြိုဟ်တုဖြစ်သော “စပွတ်ညစ် ဗွီ” ဟု ခေါ်ဆိုသည်။
အဆိုပါဗိုင်းရပ်စ်ကာကွယ်ဆေးကို မော်စကိုမြို့တော်ရှိ ကူးစက်ရောဂါဆိုင်ရာ သုတေသနအဖွဲ့အစည်း ဖြစ်သည့် ဂါမာလီယာက ရုရှား ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်မှုကို စက်တင်ဘာလမှ စတင်မည်ဟု မျှော်မှန်းရပြီး ဒီဇင်ဘာ သို့မ ဟုတ် ဇန်နဝါရီလမှစ၍ တစ်လလျင် အလုံးရေ ၅ သန်း ထုတ်လုပ်ရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံက ပြောသည်။
ဗိုင်းရပ်စ်ကာကွယ်ဆေးကို ပထမဆုံးအနေဖြင့် ဆရာဝန်များ၊ နောက်ပိုင်း ရုရှားနိုင်ငံသားအားလုံးရရှိ အောင် ဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီး မီခေးလ်မူရတ်ရှ်ကိုက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှု ၉၁၇၀၀၀ ကျော်ရှိသော ရုရှားနိုင်ငံက အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံပြီးလျင် ကမ္ဘာပေါ်တွင် ကူးစက်မှုအရ စတုတ္ထအမြင့်ဆုံးတိုင်းပြည်ဖြစ်သည်။
ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေ ဆုံးသူ ၁၅၄၀၀ ဦး၊ ဆေးရုံတက်ကုသသူ ၉၂၀၀၀ ဦးနှင့် အထူးကြပ်မတ်ဆောင်၌ ကုသမှုခံယူရသူ ၂၉၀၀ ဦးရှိ ကြောင်း သိရသည်။
Source : Bangok Posts Crd : EPN
Ref; Russia starts producing vaccine

0 comments:

Post a Comment