Friday, August 14, 2020

COVID - 19 ကာကွယ်ဆေး လူသားများဖြင့်စမ်းသပ်ရာတွင် အခြေအနေတိုးတက်ကောင်းမွန်လျက်ရှိ

COVID - 19 ကာကွယ်ဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်ရန် လူသားများဖြင့် စမ်းသပ်ရာ တွင် အခြေအနေတိုးတက်ကောင်းမွန်လျက်ရှိကြောင်း အမေရိကန်နှင့် ဂျာမနီဆေးကုမ္ပဏီ နှစ်ခုက ဩဂုတ် ၁၂ နေ့က ထုတ် ဖော်ပြောကြားခဲ့သည်။
Pyizer နှင့် Bio Ntech ဆေးဝါးကုမ္ပဏီ တို့သည် ကာကွယ်ဆေးအမြန်ဆုံးထွက်ပေါ် ရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။ ၎င်းတို့၏ ဆေးဝါးစမ်းသပ်မှုရလဒ် များကို ဩဂုတ် ၁၃ ရက်ထုတ် နေးချားဂျာ နယ် တွင် ဖော်ပြခဲ့သည်။ အသက် ၁၈ နှစ်မှ ၅၅ နှစ်အကြားရှိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၅ ဦးအား စမ်းသပ် ပြီးနောက် အဆိုပါရလဒ်ထွက်ပေါ်မှုများကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
စမ်းသပ်ထားသော ကာကွယ်ဆေးကို ရောဂါရှိသူ၏ သွေးအတွင်းသို့ ထိုးသွင်း ပြီးနောက် ၂၁ ရက်အကြာတွင် အဆိုပါဗိုင်းရပ်စ် ကူးစက်ခံရသူ၏ သွေးအတွင်း၌ ရောဂါခုခံနိုင် သည့် ပဋိဇီဝပစ္စည်းများ ထွက်ပေါ်လာသည်ကို တွေ့ရှိရကြောင်း ၎င်းတို့၏ အစီရင်ခံစာတွင် ရေးသားထားသည်။
သွေးအတွင်းထွက်ပေါ်လာသည့် ပဋိဇီဝ ပစ္စည်းသည် ဗိုင်းရပ်စ်ပိုးရှင်သန်ကြီးထွားမှု အားနည်းသွားစေသည်ကို တွေ့ရှိရသည်ဟု အဆိုပါဆေးသုတေသီများက ဆိုသည်။
သို့သော် အဆိုပါကာကွယ်ဆေး ထိုးသွင်း ပြီးသည့် ဗိုင်းရပ်စ်ကူးစက်ခံလူနာများသည် ဆိုးရွားသော ကျန်းမာ ရေးဘေးဥပါဒ်များ ခံစားရခြင်းမရှိသော်လည်း ခေါင်းမူးခြင်းနှင့် အခြားဘေးထွက်ဆိုးကျိုး အနည်းငယ် ခံစားရသည်ကို တွေ့ရှိရသည်ဟု ၎င်းတို့ကဆိုသည်။
အဆိုပါဆေးကုမ္ပဏီနှစ်ခုသည် ကာကွယ် ဆေးစမ်းသပ်အောင်မြင်စွာ ထုတ်လုပ်နိုင်မည် ဆိုပါက အမေရိကန်နိုင်ငံနှင့် စာချုပ်ချုပ်ဆို ထားသည့်အတိုင်း ပြည်သူသန်း ၁၀၀ အတွက် ကာကွယ်ဆေးထုတ်လုပ်ပေးရမည်ဖြစ်သည်။ အလားတူ လာမည့်နှစ် ဇွန်လနှောင်းပိုင်းမတိုင်မီ ဂျပန်ပြည်သူ သန်း ၆၀ အတွက် ကာကွယ်ဆေး များ ထုတ်လုပ်ပေးရန် အဆိုပါဆေးကုမ္ပဏီနှစ်ခု နှင့် ဂျပန်အစိုးရတို့အကြား သဘောတူညီမှုရရှိခဲ့ ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကာကွယ်ဆေး စမ်းသပ်မှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိ နေပြီဖြစ်ပြီး လာမည့်အောက်တိုဘာလတွင် အောင်မြင်စွာထုတ်လုပ်နိုင်မည်ဟု ရည်ရွယ်ထားကြောင်း Pyizer ကုမ္ပဏီက ပြောကြားခဲ့သည်။
Ref ; Popolay

0 comments:

Post a Comment