Saturday, August 8, 2020

မိုးကောင်းမြို့ COVID-19 စောင့်ကြည့်ရေး စင်တာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကချင်ပြည်နယ် မိုးကောင်းမြို့ COVID-19 စောင့်ကြည့်ရေး စင်တာ၌ ယနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မိုးကောင်းမြို့မ ရဲစခန်းက သိရသည်။
မိုးကောင်းမြို့ နောင်ကိုင်တော်ရပ် ပြည်သူ့အားကစားကွင်း၌ ဖွင့်လှစ်ထားသည့် Facility Quarantine Centre တွင် ထိုင်းနိုင်ငံပြန်လာ၍ စောင့်ကြည့်ခံယူနေသူ တစ်ဦးထံသို့ မူးယစ်ဆေးဝါးများ လာရောက်ပို့ဆောင်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ က လာရောက်စောင့်ကြပ်နေစဉ် ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
မိုးကောင်းမြို့မ ရဲစခန်းမှ ဒုရဲအုပ် စိုးညွန့်အောင် ဦးစီး နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ပဆိုပါ စင်တာ၌ စောင့်ဆိုင်းနေစဉ် ဩဂုတ် (၈)ရက် နံနက် (၁၀) နာရီခွဲ အချိန်ခန့်တွင် အစားအသောက် လာပို့သူ ဇော်ဝင်းလတ် ဆိုသူ ယူဆောင်လာသော အစားအစာ ထုတ်များအား ရှာဖွေစစ်ဆေးရာ ငှက်ပျောကြော်ထုတ်အတွင်း ထည့်ထားသည့် တစ်ချောင်းလျှင် ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါမှုန့်(၀.၀၀၁)ဂရမ်ခန့် (အပ်တပ်လျှက်)ပလပ်စတစ် ဆေးထိုးပိုက် (၃)ချောင်းကို သက်သေများရှေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းသည် ထိုင်းနိုင်ငံမှ ပြန်လာ၍ ကိုဗစ် ၁၉ စောင့်ကြည့်ရေး စင်တာဝင်ရောက်နေသူ မိုးကောင်းမြို့ ကျွန်းတောရပ်နေ ဖြိုးဇင်ဝင်းမောင် ထံသို့ ပို့ဆောင်ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
လက်ရှိတွင် ဖြိုးဇင်ဝင်းမောင်၊ (၂၃)နှစ်နှင့် ဇော်ဝင်းလတ်၊ (၃၈) နှစ် ကျွန်းတောရပ်ကွက် မိုးကောင်းမြို့ နေထိုင်သူတို့ကို မိုးကောင်းမြို့မရဲစခန်းမှ မယ (ပ) ၄၇/၂၀၂၀ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Ref ; People Media

0 comments:

Post a Comment