Friday, August 14, 2020

ကမ္ဘောဒီးယားအစိုးရက အောက်တိုဘာလမှာကျရောက်မဲ့ ရေသဘင်ပွဲကို COVID 19 ကြောင့် ကျင်းပခွင့်မပြု

ကမ္ဘောဒီးယားအစိုးရက လာမယ့်အောက်တိုဘာလမှာ သုံးရက်တိတိကျင်းပဖို့ရှိနေတဲ့ ရေသဘင်ပွဲကို COVID 19 ကူးစက်ပြန့်နှံ့မှုမရှိစေရေး ထိန်းချုပ်ကာကွယ်လိုတဲ့အတွက် ကျင်းပခွင့်ပြုတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
ခမာတိုင်းမ်း သတင်းစာက မနေ့ကရေးသားထားတဲ့သတင်းတစ်ပုဒ်မှာ ကမ္ဘောဒီးယားအစိုးရဟာ သြဂုတ်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ ၂၀၂၀ ပြည့်နှစ် ရေသဘင်ပွဲတော်ကျင်းပခွင့်ကို ခွင့်မပြုဘူးလို့ ထုတ်ပြန်လိုက်ကြောင်း ရေးသားထားပါတယ်။
ဝန်ကြီးများရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Ek Tha က အစိုးရအနေနဲ့ COVID 19 ကပ်ရောဂါကာကွယ်ထိန်းချုပ်‌ရေးအတွက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာဖြစ်ကြောင်းနဲ့ ဒီပွဲတော်ကတစ်ဆင့် ကူးစက်မှုဖြစ်ပွားလာမှာကို လိုလားခြင်းမရှိတာကြောင့်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ ရိုးရာရေသဘင်ပွဲတော်ဟာ နှစ်စဉ် လူသိန်းနဲ့ချီလာရောက်ဆင်နွှဲတဲ့ ပွဲတော်ဖြစ်ပြီး နိုင်ငံရဲ့ နာမည်ကြီးမြစ်တစ်ခုဖြစ်တဲ့ Tonle Sap နဲ့ မဲခေါင်မြစ်လက်တက် ၄ ခုမှာ ကျင်းပကြတာဖြစ်ပါတယ်။
လက်ရှိအခြေအနေကတော့ ဒီလိုလူအုပ်နဲ့ကျင်းပပြုလုပ်ရတဲ့ ပွဲတွေကို ခွင့်ပြုဖို့ မဖြစ်နိုင်သေးပါဘူး" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
ယခင်နှစ်ကကျင်းပတဲ့ ရိုးရာရေသဘင်ပွဲတော်ကာလမှာ ကမ္ဘောဒီးယားနိုင်ငံကို ခရီးသည် ၄ သန်းကျော် လာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
Ref ; ပန်ပန်/Myanmar Harp Media

0 comments:

Post a Comment