Thursday, August 6, 2020

COVID-19 ကြောင့် တောင်ကြီးမြို့ မီးပုံးပျံပွဲတော် ကျင်းပရန် မသေချာသေး

COVID-19 ကြောင့် တောင်ကြီးမြို့ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော် ကျင်းပရန် မခန့်မှန်းနိုင်သေးကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံး ပျံပညာရှင်အသင်းဥက္ကဋ္ဌ ဒေါက်တာ သန်းဝင်းက ပြောသည်။
မီးပုံးပျံပွဲတော် ကျင်းပဖြစ်၊ မဖြစ် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ရှမ်းပြည်နယ်အစိုးရက ယခုအချိန်ထိ ခေါ်ယူဆွေးနွေး ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။ ‘‘လုပ်ဖြစ်၊ မဖြစ်က ဘာမှန်း မသိသေးပါဘူး။ ကျွန်တော်တို့ မီး ပုံးပျံအဖွဲ့တွေတော့ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့နဲ့ စလုပ်နေကြပြီ။ ပွဲ ဖြစ်၊ မဖြစ်ကတော့ အတည်ပြု ပြောလို့မရသေးပါဘူး’’ဟု ဒေါက် တာသန်းဝင်းက ပြောသည်။
တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ယခင်က နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ ကိုးရက်အလိုတွင် စည် ကားစွာကျင်းပလေ့ရှိပြီး ပြည် တွင်း ဧည့်သည်များသာမက ကမ္ဘာလှည့်ခရီးသွားဧည့် သည် များပါ လာရောက်လည်ပတ်လေ့ ရှိသည့် ရိုးရာပွဲတော်ဖြစ်သည်။
သို့ရာတွင် COVID-19 ကြောင့် လူစုလူဝေးမလုပ်ရအမိန့် ရှိနေ၍ တန်ဆောင်တိုင်ရိုးရာမီး ပုံးပျံပွဲတော် ကျင်း ပရန် မသေချာ နိုင်ကြောင်း ဓာတ်ခဲညမီးကြီးအ ဖွဲ့မှ ဦးအေးလွင်က ဆိုသည်။
အဆိုပါ ပွဲတော်တွင် ညမီး ကြီး၊ စိန်နားပန်၊ နေ့လွှတ်အရုပ် အစရှိသည့် မီးပုံးပျံအလုံးရေ ၃၀၀ ကျော်၊ ၄၀၀ ခန့် နှစ်စဉ် ပါဝင်ယှဉ်ပြိုင်ကြောင်း ရှမ်းပြည် နယ်ရိုးရာမီးပုံးပျံပညာရှင်များအ သင်း မှတ်တမ်းတွင် ဖော်ပြထား သည်။
တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ရေး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု (UNESCO) သို့ တင်သွင်းရန် တာဝန်ရှိသူများ ကြိုးပမ်းနေသည်။
Ref ; Popolay

0 comments:

Post a Comment