Monday, August 17, 2020

လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲနမူနာများရယူခြင်းများ ဆောင်ရွက်

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၉ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်သည်။
အဆိုပါ လွှတ်တော်အသီးသီးသို့တက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာများ ရယူခြင်းများကို ယနေ့တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်ခိုရေးစခန်း၌ ပြုလုပ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး တို့၏ ဓာတ်ခွဲနမူနာ များကိုရယူကာ နေပြည်တော်တပ်မတော်ဆေးရုံကြီးရှိ Cobas 6800 ရောဂါရှာဖွေစက်ဖြင့် စစ်ဆေးခဲ့ကြောင်း သ တင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment