Saturday, August 8, 2020

COVID - 19 ကြောင့် တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းများထုတ်ြ ပန်ပေးမှုရွှေ့ဆိုင်းထားဦးမည်

တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ထုတ်ပြန်ပြီးသော်လည်း COVID 19 ကပ်ရောဂါကြောင့် အမှတ်စာရင်းများထုတ်ပြန်ပေးမှုရွှေ့ဆိုင်းထားဦးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကသိ ရသည်။
အမှတ်စာရင်းများနှင့်ပတ်သက်၍ သြဂုတ်လ ၈ ရက် ဆက်သွယ်မေးမြန်းရာတွင် မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမျိုးညွန့်ကပြောသည်။
“အောင်စာရင်းထွက်ပြီးရင်အမှတ်စာရင်းလာထုတ်လို့မရဘူးဆိုတာမှန်ပါတယ်။ အမှတ်စာရင်းလာထုတ်ရင်လူ တွေကတစ်သိန်းလောက်လာထုတ်တာဗျ။ အဲဒီတော့တာဝန်ရှိသူက covid နဲ့ထောင်ကျသွားမှာဗျ။ မပေးဘူးဗျာ။ ဘယ်တော့လောက်ပေးမလဲဆိုတော့ covid 19 ပေါ်မှာမူတည်တယ်။ ဒီအပေါ်မှာဘဲကြည့်လုပ်နေကြတာဗျ’’ဟု ၎င်းကပြောသည်။
၂၀၂ဝ ပြည့်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲများကိုမတ်လ ၁၁ရက်နေ့မှ ၂၀ရက်နေ့အထိ စစ်ဆေးခဲ့ပြီး ဖြေဆိုသူ ၉၁၀၂၇၃ဦးရှိခဲ့ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနကသိရသည်။
ယခင် တက္ကသိုလ်ဝင်တန်းအောင်မှတ်စာရင်းများကို ရန်ကုန်တိုင်းဒေသကြီး လှိုင်တက္ကသိုလ်နယ်မြေဝင်း ဂိတ်ပေါက် ၁ ဝင်ပေါက်အနီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ထုတ်ပေးခဲ့သည်။
“ဘယ်အချိန် ထုတ်ပေးမယ်ဆိုတာကို ကျွန်တော်တို့ ပြန်ကြေညာပေးမယ်’’ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ မျိုးညွန့်ကပြောသည်။
Ref ; People Media

0 comments:

Post a Comment