Saturday, August 22, 2020

စစ်တွေသို့ COVID-19 ဓာတ်ခွဲနမူနာ ၆၀ ခန့် တိုးမြှင့်စစ်ဆေးနိုင်ရန်အတွက် စက်တစ်လုံးပေးပို့ထား


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေသည့်အတွက် COVID-19 ဓာတ်ခွဲ စစ်ဆေးမှုများ တိုးမြှင့်ပြုလုပ်နိုင်ရန် GeneXpert စက်တစ်လုံးကို စစ်တွေမြို့သို့ ထပ်မံပေးပို့ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြော သည်။
လက်ရှိတွင် COVID-19 သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို စစ်တွေမြို့တွင် GeneXpert စက်အသုံးပြုကာ စစ်ဆေးမှုများပြုလုပ်နေပြီး (ရန်ကုန်)မှ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ထပ်မံတိုက်ဆိုင်စစ် ဆေးနေသည်။
ယခင်က စက်တစ်လုံးရှိကာ ယင်းစက်ဖြင့် တစ်နေ့လျှင် ဓာတ်ခွဲ နမူနာ ၁၂ ခု စစ်ဆေးနိုင်သည်။ ယခုအခါ စက်တစ်လုံး ထပ်မံပို့ ထားရာ စက်နှစ်လုံးရှိလာပါက တစ်ခါစစ်လျှင် ၁၂ ခုဖြင့် တစ်နေ့လျှင် သုံးဆိုင်းနှုန်းဖြင့် စစ်ဆေးနိုင်ပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ဓာတ်ခွဲနမူနာ ၆၀ ခန့် စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကပြောသည်။
‘‘လိုအပ်ရင်လည်း စက်တွေ ထပ်ပြီးပို့လို့ရသေးတယ်။ ဒါပေမဲ့ စက်တစ်လုံးတစ်လုံး ပို့မယ်ဆိုရင် ဒီစက်ကထွက်တဲ့အဖြေပေါ့နော်။ အဲဒါကို ကျွန်တော်တို့က NHL နဲ့ တိုက်ရတယ်။ တိုက်ပြီးမှ အဖြေ မှန်ကန်မှသာလျှင် အဖြေထုတ်လို့ ရတာ။ လတ်တလောကတော့ လေကြောင်းလိုင်းတွေက ရှိနေ သေးတော့ ပို့ဖို့လွယ်နေတာပေါ့။ နောက်ပိုင်းမှာ လေကြောင်းလိုင်း တွေ ဘာတွေပိတ်ရမယ့် အနေအ ထားမျိုး၊ လျှော့ချရမယ့်အနေအ ထားမျိုးဆိုရင်လည်း သူက ကြား ထဲမှာ ကောင်းကောင်း Run ပေး နိုင်မှာဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။
လက်ရှိတွင် စစ်တွေမြို့၌ ပြည်တွင်းကူးစက်မှုများ တွေ့ရှိ နေရခြင်းကြောင့် ကူးစက်ရောဂါ ဗေဒပညာရှင် ညွှန်ကြားရေးမှူး (ကူးစက်) ဦးဆောင်သည့် ဗဟို ကွင်းဆင်းအဖွဲ့ကို ရခိုင်ပြည်နယ် သို့ စေလွှတ်ထားပြီး ပြည်နယ်မှ ပညာရှင်များနှင့် ပူးပေါင်းဆောင် ရွက်နေသည်ဟုဆိုသည်။
ထို့အပြင် COVID-19 ရောဂါ ဒုတိယလှိုင်းမဖြစ်စေရေးအတွက် ရခိုင်ပြည်နယ်အတွင်း မြို့ နယ်များရှိ ပြည်သူများသို့ ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့် အချက်များကို လက်ကိုင်အသံချဲ့ စက်များနှင့် ကြေညာလျက်ရှိပြီး ထိုသို့ ကြေညာနှိုးဆော်ရာတွင် ဘင်္ဂါလီဘာသာဖြင့်ပါ ဆောင်ရွက်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ် သည်။
ဒုက္ခသည်စခန်း IDP Camp များတွင် ရောဂါကူးစက်ပြန့်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သ တင်းပေးပို့ရန် လမ်းကြောင်းများ ထားရှိခြင်းအပါအဝင် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများမှ ဝန် ထမ်းများ ရောဂါကူးစက်မှုမရှိရန် စည်းကမ်း၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ထားကြောင်း သိရသည်။

Crd : 7Day

0 comments:

Post a Comment