Monday, August 24, 2020

COVID-19 ကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယခုနှစ်ကျင်းပရန် မသေချာဟုဆို

လတ်တလောတွင် COVID- 19 ပြည်တွင်းကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာနေပြီး ယင်း ရောဂါနှင့်ပတ်သက်သည့် ဖြေ လျှော့မှုများလည်း ပြန်လည်တင်း ကျပ်လာသည့်အတွက် တန် ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော် ကျင်းပရန် မသေချာတော့ဟု ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း က ပြောသည်။
‘‘အခြေအနေက မဖြစ် လောက်တော့ဘူး။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကလည်း ကိုယ်တို့ကိုခေါ်ပြောတာမရှိသေးဘူး။ ပွဲဖြစ်မယ်ဆိုရင် စက်တင်ဘာလဆန်း လောက်ဆို အစည်းအဝေးခေါ် တာတွေရှိတယ်’’ဟု ဒေါက်တာ သန်းဝင်းက ပြောသည်။
ပွဲတော်မကျင်းပဖြစ်သည့် ဖြစ်စဉ်မှာ ၁၉၇၀ ကလည်း ဖြစ် ပွားခဲ့ဖူးပြီး ပလိပ်ကပ်ရောဂါကြောင့် မကျင်းပခဲ့ခြင်းဖြစ်သည် ဟု ၎င်းက ဆိုသည်။
ညမီးကြီး မီးပုံးပျံအမျိုးအ စားပြိုင်ပွဲဝင် ဓာတ်ခဲမီးအဖွဲ့မှ ဦးအေးလွင်က ‘‘ကျွန်တော်တို့လည်း ဒီတစ်နှစ်နားထားတယ်။ ဘာမှကို ပွဲအတွက်ပြင်ဆင်တာ တွေ မလုပ်ဘူး။ ရောဂါအခြေအ နေကြောင့်’’ဟု ပြောသည်။
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို ယခင်က နှစ်စဉ် တန်ဆောင်မုန်းလပြည့်မတိုင်မီ ကိုးရက်ကစတင်ပြီး ၁၀ ရက်တိုင် ကျင်းပခဲ့သည်။ အဆိုပါ မီးပုံးပျံပွဲတော်တွင် နေ့လွှတ်အရုပ်၊ ညမီးကြီး၊ စိန်နားပန် ပြိုင်ပွဲဝင် မီးပုံးပျံအမျိုးအစားများ နှစ်စဉ်မီးပုံးပျံအလုံးရေ ၃၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ပြီး ကမ္ဘာကျော်ရိုးရာပွဲ တော်တစ်ခုဖြစ်သည်။
တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်အား ဒြပ်မဲ့ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက် စကိုသို့ တင်သွင်းနိုင်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင် များအသင်းနှင့် ရှေးဟောင်း သုတေသနနှင့် ယဉ်ကျေးမှုဦးစီး ဌာန တာဝန်ရှိသူတို့က ကြိုးပမ်း လျက်ရှိသည်။
အဆိုပါပွဲတော်ကို ၁၉၅၀ ကစတင်ကျင်းပခဲ့ပြီး နှစ်ပေါင်း ၇၀ ခန့် သက်တမ်းရှိပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာ ရှင်များအသင်း သမိုင်းမှတ်တမ်း များအရ သိရသည်။
crd-7Day News Journal #Myanmar_Online_News
>>zawgyi<<
COVID-19 ကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယခုနှစ်ကျင်းပရန် မသေချာဟုဆို
Monday, August 24, 2020
လတ်တလောတွင် COVID- 19 ပြည်တွင်းကူးစက်မှုနှုန်း ပြန် လည်မြင့်တက်လာနေပြီး ယင်း ရောဂါနှင့်ပတ်သက်သည့် ဖြေ လျှော့မှုများလည်း ပြန်လည်တင်း ကျပ်လာသည့်အတွက် တန် ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော် ကျင်းပရန် မသေချာတော့ဟု ရှမ်းပြည် နယ် ရိုးရာမီးပုံးပျံပညာရှင်များအ သင်းဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း က ပြောသည်။
‘‘အခြေအနေက မဖြစ် လောက်တော့ဘူး။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကလည်း ကိုယ်တို့ကိုခေါ်ပြောတာမရှိသေးဘူး။ ပွဲဖြစ်မယ်ဆိုရင် စက်တင်ဘာလဆန်း လောက်ဆို အစည်းအဝေးခေါ် တာတွေရှိတယ်’’ဟု ဒေါက်တာ သန်းဝင်းက ပြောသည်။
ပွဲတော်မကျင်းပဖြစ်သည့် ဖြစ်စဉ်မှာ ၁၉၇၀ ကလည်း ဖြစ် ပွားခဲ့ဖူးပြီး ပလိပ်ကပ်ရောဂါကြောင့် မကျင်းပခဲ့ခြင်းဖြစ်သည် ဟု ၎င်းက ဆိုသည်။
ညမီးကြီး မီးပုံးပျံအမျိုးအ စားပြိုင်ပွဲဝင် ဓာတ်ခဲမီးအဖွဲ့မှ ဦးအေးလွင်က ‘‘ကျွန်တော်တို့လည်း ဒီတစ်နှစ်နားထားတယ်။ ဘာမှကို ပွဲအတွက်ပြင်ဆင်တာ တွေ မလုပ်ဘူး။ ရောဂါအခြေအ နေကြောင့်’’ဟု ပြောသည်။
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို ယခင်က နှစ်စဉ် တန်ဆောင်မုန်းလပြည့်မတိုင်မီ ကိုးရက်ကစတင်ပြီး ၁၀ ရက်တိုင် ကျင်းပခဲ့သည်။ အဆိုပါ မီးပုံးပျံပွဲတော်တွင် နေ့လွှတ်အရုပ်၊ ညမီးကြီး၊ စိန်နားပန် ပြိုင်ပွဲဝင် မီးပုံးပျံအမျိုးအစားများ နှစ်စဉ်မီးပုံးပျံအလုံးရေ ၃၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ပြီး ကမ္ဘာကျော်ရိုးရာပွဲ တော်တစ်ခုဖြစ်သည်။
တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်အား ဒြပ်မဲ့ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက် စကိုသို့ တင်သွင်းနိုင်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင် များအသင်းနှင့် ရှေးဟောင်း သုတေသနနှင့် ယဉ်ကျေးမှုဦးစီး ဌာန တာဝန်ရှိသူတို့က ကြိုးပမ်း လျက်ရှိသည်။
အဆိုပါပွဲတော်ကို ၁၉၅၀ ကစတင်ကျင်းပခဲ့ပြီး နှစ်ပေါင်း ၇၀ ခန့် သက်တမ်းရှိပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာ ရှင်များအသင်း သမိုင်းမှတ်တမ်း များအရ သိရသည်။
crd-7Day News Journal #Myanmar_Online_News

0 comments:

Post a Comment