Monday, August 17, 2020

ပြည်ပခရီးသွား ရာဇဝင် မရှိသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အမှတ်စဉ် (၃၇၅) ၏ ခရီးသွားရာဇဝင်

ဆေးစစ်ချက်အဖြေရရှိ - ၁၅ . ၈ . ၂၀၂၀
၃၁ -၇ -၂၀၂၀ ရက်နေ့တွင် စစ်တွေမှ ကျောက်ဖြူသို့ နံနက်(၉)နာရီအချိန်ထွက်ရှိသော Air KBZ လေယာဉ်ဖြင့် CB Bank (စစ်တွေ)မှ ဝန်ထမ်း-၆ ဦးဆေးကုမ္ပဏီမှ ဝန်ထမ်း-၂ ဦးနှင့်အတူ သွားရောက်ခဲ့ပြီး ကျောက်ဖြူ မြနန်းတော် တည်းခိုခန်းတွင် တည်းခိုခဲ့ပြီး အထင်ကရနေရာများကို လှည့်ပတ်ကြည့်ရှု့ ၊ နိုင်ငံခြားသားများနှင့် ထိတွေ့မှု့မရှိ၊
၂-၈-၂၀၂၀ရက်နေ့တွင် စစ်တွေမြို့သို့ နေ့လည် ၁၂ နာရီအချိန်တွင် MNA လေကြောင်းလိုင်းဖြင့် ထွက်ခွာလာ၊
၃-၈-၂၀၂၀ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့သို့ သွားရောက်လည်ပတ်ခဲ့ ၊
၄-၈-၂၀၂၀ ရက်နေ့တွင် CB Bank (စစ်တွေ)တွင် အလုပ်ပြန်လည်တာဝန်ထမ်းဆောင်၊
၁၂-၈-၂၀၂၀ ရက်နေ့မှစ၍ ဖျားခြင်း ၊နှာစေး ၊ အနံမရခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်
ဓာတ်ခွဲအတည်ပြုလူနာ အမှတ်စဉ် (၃၇၅) သည် တစ်အိမ်ထဲတွင် အတူနေ မိဘ(၂)ဦး၊မောင်(၁)ဦး၊ညီမ(၁)ဦး၊အိမ်ငှားလင်မယား(၂)ဦး၊၃နှစ်သားအရွယ် အိမ်ငှားလင်မယား၏ကလေးငယ်(၁)ဦး စုစုပေါင်း (၇)ဦးနှင့် အတူနေထိုင်ကြောင်း နှင့် ၃နှစ်သားအရွယ် အိမ်ငှားလင်မယား၏ကလေးငယ်မှာ ၁၃ - ၈ -၂၀၂၀ ရက်နေ့မှစ၍ ဖျားနေကြောင်း သိရပါသည်။
ထို့ကြောင့် COVID-19ကိုရိုနာဗိုင်းရပ်ရောဂါအား ပေါ့ပေါ့ဆဆမနေသင့်ဘဲ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း နေထိုင်ကြရန် တိုက်တွန်းအပ်ပါသည်။
Crd : ကျန်းမာရေးဌာန-စစ်တွေ #Myanmar_Online_News

0 comments:

Post a Comment