
Covid 19 ကူးစက်ထိန်းချုပ်နိုင်ရန်အတွက် ပဲခူးတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများ မနက်ဖြန် (သြဂုတ် ၂၇)မှစ၍ ရက်အကန့်အသက်မရှိ ပြန်ပိတ်မည်ဖြစ်ကြောင်း တိုင်းပညာရေးမှုးရုံးမှ သတင်းရရှိသည်။
ရှမ်းပြည်နယ်အတွင်းမှာ ဖွင့်လှစ်လျက်ရှိတဲဘစာသင်ကျောင်းတွေအားလုံးကို ဩဂုတ်လ ၂၆ရက်မှစတင်ပြီး ပြန်လည်ပိတ်သိမ်းဖို့ ညွှန်ကြားထားကြောင်း ရှမ်းပြည်နယ်ပညာရေးမှူးရုံးထံမှ သိရပါတယ်။
"ပြည်ထောင်စုက ညွှန်ကြားချက်အရ ပြန်လည်ပိတ်သိမ်းဖို့ လောလောဆယ်မှာ နှုတ်နဲ့ညွှန်ကြားထားပါပြီ။ ညွှန်ကြားစာကတော့ မထွက်နိုင်သေးပါဘူး။ အသေးစိတ်ကို ပြန်လည်ကြေငြာပေးမှာပါ"လို့ ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှသိရှိရသည်။
မနက်ဖြန်မှစ၍ အခြေခံပညာကျောင်းများ ရက်အကန့်အသက်မရှိ ပြန်ပိတ်မည်ဖြစ်သော်လည်း မည်သည့်ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ကိုပညာရေးဌာနမှ မထုတ်ပြန်သေးပေ။

0 comments:
Post a Comment