Wednesday, August 26, 2020

COVID-19 ကူးစက်မှုများပြားလာသည့် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့အတွက် တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် ဆေးအထောက်အကူပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ဒုတိ ယအကြိမ်ပေးပို့လှူဒါန်း

ရခိုင်ပြည်နယ်အတွင်း Coronavirus Disease 2019(COVID-19) ရောဂါဓာတ်ခွဲ အတည်ပြုလူနာတွေ့ရှိမှု များပြားလာသည့်အတွက် ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်း အန္တရာယ်မဖြစ်ပေါ်စေရေး ၊ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် တပ်မတော်ဆေးကုသရေးအဖွဲ့နှင့်အတူ ဆေးဝါး၊ ဆေးအထောက်အကူပြုစက်၊ ဆေးပစ္စည်း ၁၃၄ မျိုး၊ အသုံးအဆောင်ပစ္စည်းနှင့် စားသောက်ကုန်မျိုးစုံတို့ကို ယနေ့ နေ့လယ်ပိုင်းတွင် တပ်မတော်လေယာဉ်နှစ်စီးဖြင့် ဒုတိယအကြိမ် ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပေးပို့လှူဒါန်းသည့် ပစ္စည်းများတွင် Oxygen Plant စက်ပစ္စည်း ၁ စုံ ပါဝင်ပြီး Oxygen Plant စက်ပစ္စည်း ၁ စုံသည် တစ်ရက်လျှင် Oxygen Cylinder ၆ လုံး အထိ ထုတ်လုပ်နိုင်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment