
အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်က အကျဉ်းထောင်မှာ အကျဉ်းသားပေါင်း၅၀၀ ကျော် ကိုဗစ် 19 ကူးစက်ခံထားရပါတယ်။ ဒီအရေအတွက်ဟာ စုစုပေါင်း အကျဉ်းသားရဲ့ထက်ဝက်နီးပါးဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်က အကျဉ်းထောင်မှာတော့ကိုဗစ် 19 ကြောင့် သေဆုံးသွားတဲ့အကျဉ်းသားပေါင်း ၂၂ ယောက်ရှိသွားပါပြီ။
အကျဉ်းသားပေါင်း ၅၁၇ ယောက် ရောဂါပိုး ကူးစက်ခံထားရတယ်လို့ အရီဇိုးနားအကျဉ်းဦးစီးဌာနက ပြောပါတယ်။ ' အဲဒီအကျဉ်းသားတွေကို သီးသန့်နေရာမှာ သပ်သပ်စီ ထားထားပြီးဆေးကုပေးနေတယ်။ ရောဂါ မကင်းစင်မချင်း သူတို့ကို တခြားအကျဉ်းသားတွေနဲ့ ပြန်ရော
ထားဦးမှာမဟုတ်ဘူး ' လို့ အကျဉ်းဦးစီးက ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အကျဉ်းထောင်တွေ ဆိုးဆိုးဝါးဝါး ခံနေရပါတယ်။ အမေရိကန်အကျဉ်းထောင်တွေမှာ စုစုပေါင်း အကျဉ်းသား ၂ ဒသမ ၃ သန်း ရှိပါတယ်။ အကျဉ်းထောင်တွေမှာ
လူများတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ခွာနေဖို့လည်း မလွယ်ပါဘူး။


Crd : BBC
0 comments:
Post a Comment