Saturday, August 22, 2020

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ဖြစ်ပွားနေသော ကူးစက်မြန် COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီဋ္ဌာနချုပ်မှ သဘောထား ကြေငြာချက် ထုတ်ပြန်


ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ သဘောထားထုတ်ပြန်ကြေငြာချက်အမှတ် ၄ / ၂၀၂၀ဖြင့် ရခိုင်အမျိုးသားပါတီဋ္ဌာနချုပ်(ANP)မှ စစ်တွေမြို့တွင်ဖြစ်ပွားနေသော ကူးစက်မြန် COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်တွင် စစ်တွေမြို့တွင် COVID-19 ကပ်ရောဂါ ပျံနှံ့မှုနှုန်းမှာ မယုံကြည်နိုင်လောက်အောင် အန္တရာယ်ကြီးမားနေပြီဟု မှတ်ယူခံစားရကြောင်း ၊ ကူးစက်မှု၏ဇစ်မြစ်ကို ရှာဖွေမတွေ့ရှိသေးခြင်း ရောဂါပျံ့ပွားမှုကို မထိန်းချုပ်နိုင်သေးခြင်းတို့မှာ ပြည်သူများ၏ စည်းကမ်းမလိုက်နာမှုကြောင့် သက်သက်မဟုတ်ဘဲ အစိုးရ၏စီမံခန့်ခွဲဆောင်ရွက်မှုများ နှောင့်နှေးအားနည်းမှု့ကြောင့်ဟု ယူဆရကြောင်း ပါဝင်ပြီး ပြည်သူများ သတင်းအချက်အလက်များ မြန်ဆန်တိကျစွာ ရရှိနိုင်ရေးအတွက် ရခိုင်ဒေသတွင် ပိတ်ထားသည့် အင်တာနက် 4G အဆင့်ကို အမြန်ဆုံး ပြန်ဖွင့်ပေးရန်တို့ ပါရှိကြောင်း သိရှိရပါသည်။
Crd : Arakan National Party #Myanmar_Online_News

0 comments:

Post a Comment