Monday, August 10, 2020

COVID-19 ရောဂါပိုးတွေ့ရှိခဲ့သော တပ်မတော်သား ၁၆ ဦး ရောဂါပိုးကင်းစင်ပြီဖြစ်

အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာ့တပ်မတော်မှ သင်တန်းသား အရာရှိ၊ စစ်သည် ၁၆ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)တွင် ဆေးမှူးပါရဂူများ၊ သူနာပြုများဖြင့် သီးခြားစောင့်ကြပ်ကြည့်ရှုကာ ဆေးဝါးကုသမှုများဆောင်ရွက်ခဲ့ပြီး COVID-19ရောဂါကုသမှု လုပ်ငန်းလမ်းညွန်ချက်များအတိုင်း ရောဂါပိုးတွေ့ရှိရသော အတည်ပြုကာလရက်မှ ပြန်လည်စစ်ဆေးရမည့်ရက်များတွင် ၎င်းအရာရှိ၊ စစ်သည်များ၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အားရယူ၍ Polymerase Chain Reaction(PCR) နည်းဖြင့် ထပ်မံ ဓာတ်ခွဲစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နှစ်ကြိမ်ဆက်တိုက် COVID-19 ရောဂါပိုးမတွေ့ရှိရသဖြင့် အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှတစ်ဆင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ အသီးသီးတင်ပြခဲ့ပြီး COVID-19 ရောဂါပိုးကင်းစင်လာသူများအဖြစ်သတ်မှတ်ကာ သတ်မှတ်နေရာများ၌ အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်းနှင့် တပ်မတော်အတွင်း COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ ကင်းစင်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment