Wednesday, August 12, 2020

အမေရိကန်က Covid-19 ကာကွယ်ဆေးအတွက် ဒေါ်လာ ၁.၅ ဘီလီယံတန် စာချုပ်ချုပ်ဆိုမည်

အမေရိကန်ဟာ Covid-19 ကာကွယ်ဆေး ပမာဏ သန်း၁၀၀ အတွက် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ Moderna နဲ့ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီထားတယ်လို့ ကုမ္ပဏီနဲ့ အိမ်ဖြူတော်က ယမန့်နေ့ (သြဂုတ်လ ၁၁ ရက်နေ့ ) မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Moderna ကုမ္ပဏီရဲ့ Covid-19 ကာကွယ်ဆေး စျေးနှုန်းဟာ ထိုးဆေးနှစ်လုံးစာအတွက် အမေရိကန်ဒေါ်လာ ၃၀.၅၀ ကျသင့်မယ်လို့ သိရပါတယ်။ ကြိုတင်သုတေသနနဲ့ ဖွံ့ဖြိုးမှု ကုန်ကျစရိတ်အတွက် ထိုးဆေးတစ်လုံးစာကို စျေးနည်းနည်းနဲ့ ကမ်းလှမ်းလာတဲ့ AstraZeneca ကုမ္ပဏီမှလွဲရင် Covid-19 ကာကွယ်ဆေး အားလုံးရဲ့ စျေးနှုန်းတွေဟာ ထိုးဆေးနှစ်လုံးစာကို အမေရိကန်ဒေါ်လာ ၂၀ မှ ဒေါ်လာ ၄၂ ကြားမှာ ရှိတယ်လို့ သိရပါတယ်။
Moderna မှ ကာကွယ်ဆေးထိုးထားသူ mRNA-1273 ဟာ စမ်းသပ်စစ်ဆေးမှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး လာမယ့်စက်တင်ဘာလမှာ ကာကွယ်ဆေးအပြီးသက်နိုင်တော့မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ယခုလအတွင်းမှာ ပြောကြားပါတယ်။ အမေရိကန်နဲ့ သဘောတူညီချက်အရ Moderna ဟာ ကာကွယ်ဆေးကို တိတိကျကျသတ်မှတ်ထားတဲ့ အချိန်ကာလအတိုင်း မထုတ်လုပ်နိုင်ခဲ့ရင် စာချုပ်မှာ ပါရှိတဲ့အတိုင်း အပြည့်အဝ ပြန်လည်ပေးဆပ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် Johnson & Johnson၊ AstraZeneca Plc၊ Pfizer Inc and BioNTech SE၊ Sanofi SA and GlaxoSmithKline PLc ကုမ္ပဏီတွေနဲ့လည်း သဘောတူညီချက်တွေ တိုးမြှင့်ထားခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ Moderna ကုမ္ပဏီရဲ့ သုတေသနပြု ကြိုးပမ်းမှုတွေအတွက် အစောပိုင်းက အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရန်ပုံငွေထည့်ဝင်ထားပြီး အခုဆိုရင်တော့ ရန်ပုံငွေစုစုပေါင်း ၂.၅ ဘီလီယံခန့် ထည့်ဝင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၅၃၀၅၉၅၇ ဦး၊ သေဆုံးသူ ၁၆၇၇၄၉ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ Worldometers မှ ဖော်ပြချက်အရ သိရပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>Zawgyi<<

crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment