Wednesday, August 26, 2020

ရခိုင်ပြည်နယ်၌ ကူးစက်ပြန့်ပွားနေသည့် COVID- 19 ရောဂါပိုးကို မကြာခင်ထိန်းချုပ်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပြောဆို

ရခိုင်ပြည်နယ်၌ ကူးစက်ပြန့်ပွားနေသည့် COVID-19ရောဂါပိုးကို မကြာခင်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။
နေပြည်တော်၌ သြဂုတ်လ၂၅ရက်တွင်ကျင်းပသည့် COVID-19 ရောဂါနှင့်ပတ်သက်၍ ဘက်စုံဆန်းစစ်သုံး သပ်သည့်အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားခဲ့သည်။
“ရခိုင်ပြည်နယ်မှာ ယခုလ ၁၆ရက်ကတွေ့ရှိတဲ့လူနာဟာ သူ့မှာရောဂါပိုးကူးစက်နေတာကိုမသိဘဲ ခရီးသွား လာမှုများတာကြောင့် သူထိတွေ့ခဲ့တဲ့ သူများပြားတဲ့အတွက်ကြောင့်မို့လို့ အခုလို အစကနဦးမှာ ပိုးတွေ့လူနာများပြားခြင်းဖြစ်ပါတယ်။ အခုဆိုရင် ပြည်နယ်အစိုးရအဖွဲ့ရော NGO တွေရော ပြည်သူလူထုနဲ့ ကျန်း မာရေးဝန်ထမ်းတွေရော အားလုံးပူးပေါင်းဆောင်ရွက်နေပြီမို့လို့ မကြာခင်ကာလမှာကျွန်တော်တို့ ထိန်းချုပ်နိုင်မယ်လို့ယူဆပါတယ်’’ဟု ၎င်းကပြောသည်။
သြဂုတ်လ ၂၆ ရက်နံနက် ၈ နာရီအချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ဓါတ်ခွဲအတည်ပြုလူနာ ၅၇၄ ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်သူ ၃၄၁ ဦး၊ သေဆုံးသူ ၆ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုးကို သြဂုတ်လ ၁၆ရက် တွင် CB Bank ဝန်ထမ်းတစ်ဦးကူးစက်ခံရပြီးနောက် ပြည်တွင်းကူးစက်မှုအသစ် တစ်လခန့်အကြာတွင် ပြန်လည်တွေ့ရှိခဲ့သည်။
Ref; People Media

0 comments:

Post a Comment