Saturday, August 22, 2020

COVID-19 ကိုရိုနာဗိုင်းရပ် ကပ်ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေသည့် ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းများ ပြန်ပိတ်ကာ စစ်တွေမြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်


COVID-19 ကိုရိုနာဗိုင်းရပ် ကပ်ရောဂါ ကူးစက်မှုမြင့်တက်လာခြင်းကြောင့် ဇူလိုင်လအတွင်းဖွင့် လှစ်သင်ကြားခဲ့သည့် စာသင်ကျောင်း များအားဩဂုတ်လ ၂၁ရက်မှစတင် ကာ ပြန်လည်ပိတ်သိမ်းခဲ့ပြီး ပြည်နယ် မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် ည မထွက်ရ အမိန့်ကို ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်ဖြင့် ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျောင်းတွေ ပြန်ပိတ်လိုက်တာ ဟုတ်ပါတယ်။ပိတ်တာကအထက်တန်းကျောင်းတွေကိုပိတ်တာပါ။မူလတန်းနဲ့အလယ်တန်းကျောင်းတွေကပြန်မဖွင့်သေးဘူးလေ။ပိတ်တဲ့အထဲမှာပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတွေလည်း ပါတယ်လို့ သိရတယ်"ဟု ကျောက်ဖြူမြို့မှကျောင်းဆရာ ဦးသက်နိုင်ထွန်းက ပြောသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ဩဂုတ် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ သည့်ညွှန်ကြားစာတွင်"ရခိုင်ပြည်နယ်အတွင်း လက်ရှိဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျောင်းများအား ခေတ္တပိတ်ထားရန်၊ နောက်ထပ်ဖွင့်လှစ်မည့် အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများရှိပါကခေတ္တဆိုင်းငံ့ထားရေးညှိနှိုင်းဆောင် ရွက်ရန်"ဟု ပါရှိသည်။
နေ့စဉ် ည ၉ နာရီမှ နံနက် ၄ နာရီ အထိညမထွက်ရအမိန့်ကို စစ်တွေမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သြဂုတ် ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးယင်းအမိန့်မှာ ကာလအနေဖြင့် ၂ လ အတည်ဖြစ် ကြောင်း သိရသည်။
ကိုဗစ်ကူးစက်ခံရသူအများစုမှာ စစ်တွေမြို့မှဖြစ်ပြီးမြောက်ဦးမြို့မှ ၁ ဦးပါဝင်သည်။



Crd : ပြည်သူ့ဘဝ

0 comments:

Post a Comment