Thursday, August 6, 2020

တစ်ရက်အတွင်း ဂျပန်နိုင်ငံတွင် လူပေါင်း ၁,၃၀၀ ကျော် COVID-19 ရောဂါ ထပ်မံ ကူးစက် ခံရပြီး လူ ၅ ဦး သေဆုံး

ဂျပန် နိုင်ငံ NHK သတင်းဌာန ၏ ထုတ်ပြန်ကြေညာချက် အရ သြဂုတ် ၅ ရက် ၂၀ နာရီ ၃၀ မိနစ် အချိန်ထိ ဂျပန်နိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၁,၃၄၃ ဦးရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၄၂,၇၉၉ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ ရောဂါကြောင့် သေဆုံးသူ ၅ ဦး ထပ်မံတိုးမြှင့်ခဲ့ရာ စုစုပေါင်းသေဆုံးသူ ၁,၀၂၈ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ သြဂုတ်လတွင် တစ်ရက်လျှင် ကူးစက်ခံရမှုအသစ် လူတစ်ထောင်အောက်အထိ ရှိနေကြောင်း သိရသည်။
စာရင်းပြုစုချက်များအရ ဂျပန်နိုင်ငံတွင် လူပေါင်း ၂၈,၀၂၈ ဦး ဆေးရုံများမှ ပြန်လည်ဆင်းခွင့်ရခြင်း သို့မဟုတ် ရောဂါ ပြန်လည် သက်သာလာခြင်း ရှိခဲ့ကြောင်း ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်း ၈၉၇,၀၀၀ ခန့် ကို COVID-19 ရောဂါ စစ်ဆေးပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
Okinawa စီရင်စု၏ ထုတ်ပြန်ကြေညာချက်အရ သြဂုတ် ၅ ရက် ၁၂ နာရီ အချိန်ထိ ယင်းဒေသ ရှိ အမေရိကန် စစ်အခြေခိုက်စခန်းတွင် ရောဂါ ကူးစက်ခံရသူ ၃ ဦး တိုးမြင့်လာခဲ့ပြီးနောက် ကူးစက်ခံရသူ စုစုပေါင်း ၂၈၉ ဦးထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
>>Zawgyi<<
တစ်ရက်အတွင်း ဂျပန်နိုင်ငံတွင် လူပေါင်း ၁,၃၀၀ ကျော် COVID-19 ရောဂါ ထပ်မံ ကူးစက် ခံရပြီး လူ ၅ ဦး သေဆုံး
Thursday, August 6, 2020
ဂျပန် နိုင်ငံ NHK သတင်းဌာန ၏ ထုတ်ပြန်ကြေညာချက် အရ သြဂုတ် ၅ ရက် ၂၀ နာရီ ၃၀ မိနစ် အချိန်ထိ ဂျပန် နိုင်ငံ တွင် တစ်ရက်အတွင်း COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၁,၃၄၃ ဦး ရှိ ခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၄၂,၇၉၉ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ ရောဂါကြောင့် သေဆုံးသူ ၅ ဦး ထပ်မံတိုးမြှင့် ခဲ့ရာ စုစုပေါင်းသေဆုံးသူ ၁,၀၂၈ ဦး အထိ ရောက်ရှိခဲ့ကြောင်း ၊ သြဂုတ်လ တွင် တစ်ရက်လျှင် ကူးစက်ခံရမှု အသစ် လူ တစ်ထောင်အောက် အထိ ရှိနေကြောင်း သိရသည်။
စာရင်းပြုစုချက်များအရ ဂျပန် နိုင်ငံ တွင် လူပေါင်း ၂၈,၀၂၈ ဦး ဆေးရုံများမှ ပြန်လည်ဆင်းခွင့်ရခြင်း သို့မဟုတ် ရောဂါ ပြန်လည် သက်သာလာခြင်း ရှိခဲ့ကြောင်း ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်း ၈၉၇,၀၀၀ ခန့် ကို COVID-19 ရောဂါ စစ်ဆေးပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
Okinawa စီရင်စု ၏ ထုတ်ပြန်ကြေညာချက် အရ သြဂုတ် ၅ ရက် ၁၂ နာရီ အချိန်ထိ ယင်းဒေသ ရှိ အမေရိကန် စစ်အခြေခိုက်စခန်း တွင် ရောဂါ ကူးစက်ခံရသူ ၃ ဦး တိုးမြင့်လာ ခဲ့ပြီးနောက် ကူးစက်ခံရသူ စုစုပေါင်း ၂၈၉ ဦးထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment