Wednesday, August 12, 2020

COVID -19 ရောဂါကြောင့် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် စစ်ရေးလေ့ကျင့်မှုငယ်များပြုလုပ်သွားမည်

တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် COVID-19 ရောဂါနှင့် ပတ်သက်သည့် စိုးရိမ်မှုများရှိနေသည့်အတွက် အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး အမေရိကန် အခြေစိုက်တပ်ဖွဲ့များကို စုဆောင်းခြင်းမရှိသော်လည်း လာမည့်အပတ် တွင် ၎င်းတို့၏ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံမီဒီယာမှ ဩဂုတ်လ ၁၂ ရက်နေ့တွင်ထုတ်ပြန် ကြေညာခဲ့ပါသည်။
မဟာမိတ်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် အမေရိကန်နိုင်ငံဝန်ထမ်း များ၏ ခရီးသွားလာရေးအတွက် ခြိမ်းခြောက်မှုများရှိနေပြီး ဩဂုတ်လတွင် စတင် လေ့ကျင့်မည့် လေ့ကျင့်ရေးနှင့်ပတ်သက်၍ မည်သို့ပြင်ဆင်သွားမည်ကိုလည်း ဆွေးနွေး လျက်ရှိပါသည်။
အစီအစဉ်တွင် နှစ်နိုင်ငံလုံးမှ စစ်သားပေါင်း သောင်းနှင့်ချီပါဝင်မည်ဖြစ်ပါသည်။ သို့ရာတွင် လက်တွေ့ကွင်းဆင်းလေ့ကျင့်ခြင်းထက် ကွန်ပျူတာစနစ်ဖြင့်ပုံဖော် လေ့ကျင့်ခြင်းကို အဓိကထားသွားမည်ဖြစ်ပါသည်။
လေ့ကျင့်ခန်းများကို ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းသားများကို လုစုပြီး ညဖက်လေ့ကျင့်လှုပ်ရှားမှုများ ကိုလျှော့ချရန်အတွက် အချိန်ကာလကို ၂ ရက်ခန့်တိုးမြှင့်ထားကြောင်း Yonhap သတင်းဌာနတွင် ဖော်ပြထားပါသည်။
တောင်ကိုရီးယားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးမှ အစီအစဉ်ကို အပြီးသတ်မလုပ်ဆောင်ရသေးကြောင်း ပြောကြားခဲ့ပါသည်။ US Forces Korea (USFK)မှ မှတ်ချက်ပေးရန်အတွက် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ဖြေကြား ခြင်းမရှိပါ။
အင်အား ၂၈,၅၀၀ ရှိ USFK မှ ဇူလိုင်လမှစ၍ ၎င်းတို့၏ တပ်ဖွဲ့၊ အလုပ်သမား များနှင့် ၎င်းတို့၏ မိသားစုဝင်များအကြားတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုပေါင်း ၆၅ ခုရှိခဲ့ပြီး ၎င်းတို့၏အခြေစိုက်စခန်းအနီးတွင်နေထိုင်သော ကိုရီးယားနိုင်ငံသား အချို့အကြား စိုးရိမ်မှုများမြှင့်တက်နေခဲ့ပါသည်။
အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားနိုင်ငံမှ အနီးကပ် စောင့်ကြည့်နေပြီး ၎င်းတို့အား စစ်ပွဲအတွက်အစမ်းလေ့ကျင့်မှုတစ်ခုဟု ခေါ်ဆိုခဲ့ ပါသည်။ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ်ဖျက်သိမ်းရန်ရည်ရွယ်သည့် အမေရိကန်နှင့်ဆွေးနွေးမှုများကြောင့် မကြာသေးမီနှစ်များမှစ၍ လျော့ချခဲ့ပါသည်။
ယခုနှစ်၏လေ့ကျင့်ခန်းများသည် တောင်ကိုရီးယားနိုင်ငံ၏ စစ်အတွင်းစစ်ဆင် ရေးထိန်းချုပ်မှု (OPCON) ကို လုပ်ဆောင်ရန် အသင့်ရှိ/မရှိနှင့်ပတ်သက်၍ စစ်ဆေးရန် အခွင့်အရေးတစ်ခုဖြစ်ပါသည်။ မဟာမိတ်များအနေဖြင့် စမ်းသပ်မှု ၃ ကြိမ်ပြုလုပ်ပြီး နောက်တွင် ဆုံးဖြတ်ချက်ချမည်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကဲဖြစ်သူများလာရောက် လိမ့်မည်မဟုတ်ကြောင်းနှင့် ၎င်းသည် ယခုနှစ်စမ်းသပ်မှုကို အပြည့်အဝဆောင်ရွက် နိုင်ရန်အတွက် အခက်အခဲများရှိနေကြောင်းကို The JoongAng Ilbo သတင်းဌာနတွင် ဖော်ပြထားပါသည်။
>>Zawgyi<<

0 comments:

Post a Comment