Saturday, August 8, 2020

COVID-19 ကူးစက်ပျံနှံမှု့များပြားနေသော အမေရိကန်ပြည်ထောင်စုရှိ အိုဟိုင်းယိုးပြည်နယ်အုပ်ချုပ်ရေးမှူး တွင်လည်း ရောဂါပိုးကူးစက်ခြင်းခံနေရ

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်အုပ်ချုပ်ရေးမှူး မိုက်ဒီဝိုင်းက သူ့တွင် COVID-19 ကူးစက်နေကြောင်း ကြေညာခဲ့သည်။ ယင်းသည် သမ္မတထရမ့်၏ အိုဟိုင်းယိုး ပြည်နယ်ခရီးစဉ် မတိုင်မီအချိန်တွင် ကူးစက်ခံရခြင်းဖြစ်သည်။
"သမ္မတထရမ့်ကို ကလိဗ်လန်းမြို့ ဘာ့ခ်လိပ်ဖို့ဒ် လေဆိပ်လမ်းမကနေကြိုဆိုဖို့ အစီအစဉ်ရှိတာကြောင့် COVID-19 စစ်ဆေးရာမှာ ပေါ့စတစ်ဖြစ်နေကြောင်း သိရတာပါ"ဟု ဒီဝိုင်းက သူ၏ တွစ်တာတွင် ရေးသားထားသည်။
"အဲဒီတုန်းက ကျွန်တော့်မှာ ဘာရောဂါလက္ခဏာမှ မရှိပါဘူး။ ခုတော့ ကျွန်တော် ၁၄ ရက် သီးသန့်ခွဲခြားနေထိုင်နေပါပြီ"ဟု အသက် ၇၃ နှစ်အရွယ်ရှိ ရီပတ်ဘလစ်ကန်ကိုယ်စားလှယ်ကပြောသည်။
သမ္မတထရမ့်အနေဖြင့် မိုက်ဒီဝိုင်း အမြန်ဆုံးပြန်လည်ကျန်းမာလာပြီး တာဝန်များပြန်လည်ထမ်းဆောင်ခြင်းကို ဆုမွန်ကောင်းများတောင်းကြောင်း အိမ်ဖြူတော်ပြောခွင့်ရရရပုဂ္ဂိုလ်က သတင်းထုတ်ပြန်ချက်တွင်ပြောကြားထားသည်။
နောက်ဆုံးသိရသော အချက်အလက်များအရ အိုဟိုင်းယိုးပြည်နယ်တစ်ခုထဲတွင်ပင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း တစ်သိန်းနီးပါး(၉၆၃၀၅ ဦးခန့်)ရှိကြောင်းသိရသည်။
Ref: U.S. Ohio governor tests positive for coronavirus ahead of Trump's visit
Photo credit: governor.ohio.gov Crd : Popular

0 comments:

Post a Comment