Saturday, August 22, 2020

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကိုရိုနာဗိုင်းရပ်စ်သည် လာမည့် ၂ နှစ်ခန့်အတွင်းတွင် ပြီးဆုံးနိုင်ကြောင်း WHO ညွှန်ချုပ် ပြောကြား


ကမ္ဘာ့ကပ်ရောဂါ COVID-19 ကိုရိုနာဗိုင်းရပ်စ်သည် လာမည့် ၂ နှစ်အတွင်း ကမ္ဘာ့ကပ်ရောဂါပြီးဆုံးမည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ တက်ဒရို့စ် အက်ဟာနွန် ဂီဘရီးယီဆပ်စ်ကပြောသည်။
သို့သော် လက်ရှိနည်းပညာအားသာချက်များကြောင့် ဗိုင်းရပ်စ်ကိုရပ်တန့်နိုင်မည့်အချိန်ပိုတိုနိုင်ကြောင်းလည်း သူကပြောသည်။
“ပိုပြီးထိစပ်နေမယ်ဆိုရင် ပျံ့နှံ့ဖို့ အခွင့်အရေးလည်းပိုများပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့မှာ အဲဒီဗိုင်းရပ်စ်ကိုရပ်တန့်ဖို့ နည်းပညာနဲ့ အသိပညာတွေရှိနေပါတယ်” ဟုသူကပြောသည်။
၁၉၁၈ ခုနှစ်က စပိန်တုပ်ကွေးကြောင့် အနည်းဆုံးလူသန်း ၅၀ သေဆုံးခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈ သိန်းနီးပါးရှိနေပြီး ကူးစက်ခံရသူ ၂၂.၇ သန်းကျော်ရှိနေသည်။
တစ်ကိုယ်ရေးကာကွယ်ရေးပစ္စည်း PPE များနှင့်စပ်လျဉ်းပြီး အကျင့်ပျက်ခြစားမှုများသည် မှုခင်းဖြစ်ရပ်များ
ဖြစ်ပြီး လူသတ်မှုကျူးလွန်နေခြင်းဖြစ်သည်ဟုလည်း ဒေါက်တာ တက်ဒရို့စ်က ရှုတ်ချခဲ့သည်။
Ref : Coronavirus pandemic could be over within two years - WHO head

0 comments:

Post a Comment