Wednesday, August 26, 2020

COVID-19 ကပ်ရောဂါပိုဆိုးလာပါက ရွေးကောက်ပွဲရွှေ့ဆိုင်းသင့်ကြောင်း NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ေ ဆွပြောကြား

ပြည်တွင်းကူးစက်မှုများရှိလာသည့် COVID-19 ကပ်ရောဂါ ထပ်မံ၍ ဆိုးရွားလာပါက ရွေးကောက်ပွဲရွှေ့ ဆိုင်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကပြောသည်။
“အခု covid ထပ်ဖြစ်တဲ့ဟာဆယ်ဆကူးစက်နိုင်တယ် ဆိုတာလည်း ကျန်းမာရေးဝန်ကြီးဌာနက သိထားရေ တာ့ကာ တကယ်လို့လူစုလူဝေးနဲ့ လုပ်ရမဲ့ကိစ္စတွေမှာ အခုလိုပိုးကပြန့်သွားပြီဆိုရင်တော့ရွေးကောက်ပွဲ ဖြစ်ရေး ၊မဖြစ်ရေးကစဉ်းစားရတော့မဲ့အပိုင်းရောက်သွားပြီပေါ့ဗျာ။ ပြည်သူတွေမကျန်းမမာဖြစ်နေတဲ့အချိန်ရွေးကောက်ပွဲ ဇွတ်အတင်းလုပ်လို့ကတော့ မဖြစ်နိုင်ဘူးပေါ့ဗျာ။ အဲဒီတော့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားမှုအရ ဘယ်မြို့ နယ်ဘယ်တိုင်းတွေမှာတော့ လုပ်နိုင်တယ်။ ဘယ်မြို့နယ်ဘယ်တိုင်းတွေမှာတော့မလုပ်သင့်ဘူးဆိုတဲ့ အခြေခံ အချက်တွေအပေါ်မူတည်ပြီး ရွေးကောက်ပွဲကော်မရှင်က လုပ်သွားသင့်တယ်လို့ယူဆပါတယ်’’ ဟု ၎င်းကေ ပြာသည်။
၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၂ရက်မှ စတင်ကာ တရုတ်နိုင်ဝူဟန်မြို့တွင် ကူးစက်ပြန့်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး သည် နိုင်ငံပေါင်းတစ်ရာကျော်ကူးစက်ပြန့်ပွားခဲ့ပြီး WHO မှ ကူးစက်ကပ်ရောဂါအဖြစ် ယခုအချိန်အထိသ တ်မှတ်ထားဆဲဖြစ်သည်။
သြဂုတ်လ ၂၆ ရက် နံနက် ၈နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID 19ရောဂါပိုး ဓါတ်ခွဲအတည်ပြုလူနာ ၅၇၄ ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်သူ ၃၄၁ ဦး၊သေဆုံးသူ ၆ ဦးရှိပြီဖြစ်သည်။
၂၀၂၀ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင်ကျ င်းပပေးမည်ဟုပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကေ ကြညာထားပြီး မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ရှိသည်။
Ref ; People Media

0 comments:

Post a Comment