Tuesday, August 11, 2020

COVID-19 ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူတစ်ဦးတွင် ရောဂါပိုးပြန်လည်းတွေ့ရှိပြီးနောက် ဘူတန်တစ်နိုင်ငံလုံး ပထမဆုံးအကြိမ် lockdown ချ

ဘူတန်နိုင်ငံတွင် COVID-19 ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူတစ်ဦးတွင် ရောဂါပိုးပြန်လည်စစ်ဆေးတွေ့ရှိပြီးနောက် ဘူတန်တစ်နိုင်ငံလုံး lockdown ချခြင်းကို ပထမဆုံးအကြိမ်အဖြစ် ယနေ့စတင်လိုက်ကြောင်းသိရသည်။ ယင်းအတည်ပြုလူနာမှာ ဘူတန်နိုင်ငံ သင်ဖူမြို့မှဖြစ်သည်။
ကူဝိတ်နိုင်ငံမှ ပြန်လာသော အဆိုပါ အတည်ပြုလူနာသည် အသက် ၂၇ နှစ်အရွယ် ဘူတန်နိုင်ငံသူတစ်ဦးဖြစ်ပြီး၊ ပြည်ပမှပြန်ရောက်သည်တွင် သီးခြားကန့်သတ်နေထိုင်စေပြီးနောက် COVID-19 စစ်ဆေးရာတွင် မတွေ့ရှိသဖြင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီးနောက်၊ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် တနင်္လာနေ့က ပြန်လည်စစ်ဆေးရာ ပိုးတွေ့ရှိကြောင်း အဖြေထွက်ခဲ့ခြင်းဖြစ်သည်။
ဟိမဝန္တာတောင်ပေါ်နိုင်ငံတစ်ခုဖြစ်သော ဘူတန်နိုင်ငံတွင် ယခုအချိန်အထိ COVID-19 ကူးစက်ခြင်းခံရသူ စုစုပေါင်း ၁၁၃ ဦးရှိပြီဖြစ်သည်။ ယင်းတို့အနက် ၉၆ ဦးမှာ သက်သာပျောက်ကင်းခဲ့ပြီး၊ သေဆုံးသူ တစ်ဦးမျှ မရှိသေးချေ။ ဘူတန်နိုင်ငံတွင် လူဦးရေ ၇ သိန်းကျော်(၇၇၂၅၃၅ ဦး)ရှိသည့်အနက် ၅၅၇၈၃ ဦးကို COVID-19 စစ်ဆေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Source - Popular

0 comments:

Post a Comment