Friday, August 7, 2020

COVID-19 ကြောင့် facebook ဝန်ထမ်းများ ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ အိမ်မှပင်အလုပ်လုပ်ရန်နှင့်၊ အိမ်တွင်းရုံးတွင် အသုံးပြုရန် ကန်ဒေါ်လာ ၁၀၀၀ စီပေးမည်

COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်သည့်အနေဖြင့် facebook ဝန်ထမ်းများအား အိမ်မှအလုပ်လုပ်ခြင်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လ အထိ ခွင့်ပြုလိုက်ပြီး၊ အိမ်တွင်းရုံး(Home Office)ပြုလုပ်ရာတွင် အသုံးပြုရန်အတွက် ဝန်ထမ်းများအား ကန်ဒေါ်လာ ၁၀၀၀ စီပေးမည်ဖြစ်ကြောင်း facebook ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၆ ရက်နေ့ကပြောကြားလိုက်သည်။
facebook သည် ထိုသို့ပင်ဆောင်ရွက်လျှက်ရှိသော နည်းပညာကုမ္ပဏီကြီးများနှင့်လည်း ချိတ်ဆက်အလုပ်လုပ်လျှက်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းကလည်း ဂူးဂဲလ်ကုမ္ပဏီက သူ၏ ဝန်ထမ်းများသည် ၂၀၂၁ ခုနှဏ် ဇွန်လအထိ အိမ်မှပင်အလုပ်လုပ်ကြရန် ညွှန်ကြားခဲ့ပြီး၊ တွစ်တာကုမ္ပဏီကလည်း ဝန်ထမ်းများအနေဖြင့် အိမ်မှပင်အလုပ်လုပ်ကြရန် တောင်းဆိုခဲ့သည်။
Source: Reuters/nh
Ref: Facebook employees to work from home until July 2021 due to coronavirus outbreak; get US$1,000 for home offices
Photo: REUTERS/Elijah Nouvelage/File Photo

0 comments:

Post a Comment