Monday, August 10, 2020

ပန်းတနော် CB ဘဏ် ဓားပြတိုက်သူကို သုံးရက်ကြာသည်အထိ ဖမ်းဆီးနိုင်မှုမရှိသေး

ပန်းတနော်မြို့ရှိ CB ဘဏ်အား ဓားပြတိုက်သူကို သုံး ရက်ကြာသည်အထိ ဖမ်းဆီးရမိ ခြင်းမရှိသေးကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက အတည်ပြုသည်။
သြဂုတ် ၇ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်က အဆိုပါဘဏ် အား ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး သြဂုတ် ၉ ရက် ညနေအထိ ကျူး လွန်သူကို ဖမ်းဆီးမရသေးပေ။‘‘အခုအချိန်အထိတော့ မမိ သေးပါဘူး။ သံသယရှိတဲ့နေရာ တွေမှာတော့ ပိတ်ဆို့ရှာဖွေမှုတွေ ဆောင်ရွက်နေပါတယ်’’ ဟု ဒုရဲ မှူးကြီးထွန်းရွှေက ပြောသည်။
ဆိုင်ကယ်စီးဦးထုပ်ဆောင်း ကာ နှာခေါင်းစည်း၊ လက်အိတ် အနက်နှင့် မိုးကာအင်္ကျီအဖြူ ရောင်၊ ဘောင်းဘီအရှည်နက်ပြာ နှင့် ရှူးဖိနပ်ဝတ်ဆင်ထားသူသည် သေနတ်ကိုင်ဆောင်၍ ဘဏ် အား ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။
ကျူးလွန်သူသည် ဘဏ်လုံ ခြုံရေးဝန်ထမ်းကို သေနတ်ဖြင့် ထောက်ကာ ထိုင်ခိုင်းခဲ့ပြီးနောက် အသင့်ယူဆောင်လာသော ကြွပ် ကြွပ်အိတ်အနက်အား ဘဏ်ဝန် ထမ်းတစ်ဦးထံ ပစ်ပေးကာ ငွေ ထည့်ပေးရန်ပြောသဖြင့် ဘဏ် ဝန်ထမ်းတစ်ဦးက ဘဏ်ခန်းအ တွင်းမှ တစ်စီးလျှင် ကျပ်ဆယ် သိန်းစီပါသော ကျပ်တစ်ထောင် တန် ၁၂ စည်း (ကျပ်သိန်း ၁၂၀)ထည့်ပေးလိုက်ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။
ယင်းနောက် ကျူးလွန်သူ သည် ဘဏ်အပြင်၌ ၎င်းအား အသင့်စောင့်ဆိုင်းနေသော ဆိုင် ကယ်ဖြင့် ထွက်ပြေးသွားခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။
ကျူးလွန်သူသည် အသက် (၃၀) နှစ်အရွယ်ရှိမည်ဟု ရဲတပ် ဖွဲ့ကခန့်မှန်းထားပြီး ၎င်းကို ပန်း တနော်မြို့မရဲစခန်းက ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၉၂ (လုယက်မှု) ဖြင့် အမှုဖွင့်ထားကာ ဖမ်းဆီးရ မိရေး ဆောင်ရွက်နေသည်။
Crd : 7Day

0 comments:

Post a Comment