Sunday, August 23, 2020

Case (၃၇၈) တက်ရောက်ခဲ့သော ရန်ကုန်မြို့ရှိ ရွှေလမင်းဆေးရုံမှ Q ဝင်နေသော ဝန်ထမ်းများတွင် ပိုးမတွေ့

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်အတွင်းရှိ ရွှေလမင်းပုဂ္ဂလိကဆေးရုံမှ Q ဝင်ရသည့် ကျန်းမာ ရေး ဝန်ထမ်း ၁၃ ဦးမှာ ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးရာတွင် ဗိုင်းရပ်စ်ပိုးမတွေ့ရှိကြောင်း လမ်းမတော်မြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ်(၂) ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက သြဂုတ် ၂၂ ရက်က ပြောပါတယ်။ အဲဒီ ကျန်းမာရေးဝန်ထမ်း ၁၃ ဦးစလုံး ပထမအကြိမ် စစ်ဆေးတော့ Negative ပါ။ ဒါကလည်း မြို့နယ် ကျန်းမာရေးမှူး ပြောပြချက်အရ သိရတာပါ။ သူတို့ကို ဘယ်မှာထားပြီး စစ်ဆေးတယ်ဆိုတာတော့ ကျွန်တော်လည်း မသိရဘူး” ဟု ပြောပါတယ်။
အဆိုပါ ရွှေလမင်း ပုဂ္ဂလိက ဆေးရုံးမှာ လက်ရှိအချိန်အထိ ဖွင့်လှစ်ထားရှိပြီး ဆေးရုံ လော့ဒေါင်း ချခြင်း၊ မချခြင်းမှာ မြို့နယ် ကိုဗစ် ရောဂါထိန်းချုပ်ကာကွယ်ရေးကော်မတီနှင့် အုပ်ချုပ်ရေးအဖွဲ့၏ အပေါ်တွင် မူ တည်ကြောင်း ရှင်းပြပါတယ်။ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နေထိုင်သော အသက် ၅၀ အရွယ် ကိုဗစ် ရော ဂါပိုးတွေ့လူနာ (လူနာ ၃၇၈) မှာ သြဂုတ်လ ၁၂ ရက်က အဆိုပါ ဆေးရုံသို့ ရောက်ရှိလာကာ ဓာတ်မှန်ရိုက်ခဲ့သည့်အတွက် ၎င်းနှင့် ထိတွေ့ခဲ့သည့် ကျန်းမာရေး ဝန်ထမ်း ၁၃ ဦး မှာ သြဂုတ်၂၁ ရက် နံနက်ပိုင်းက Q ဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
Source - Cele Channel

0 comments:

Post a Comment