Wednesday, August 19, 2020

စစ်တွေမြို့မှ ကိုဗစ်အတည်ပြုလူနာ Case-375 နဲ့ထိတွေ့သူ ၁၅ဦးကို မြောက်ဥက္ကလာပရှိ ကေတုမတီဆောင်သို့ ပို့ဆောင်

စစ်တွေမြို့မှ ကိုဗစ်အတည်ပြုလူနာ Case-375 နဲ့ ထိတွေ့ခဲ့သူ ၁၅ဦးကို ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကေတုမတီဆောင်သို့ ပို့ဆောင်ခဲ့တယ်လို့ ဝေဠုကျော်ဖောင်ဒေးရှင်းမှ သိရပါတယ်။
အဆိုပါ စစ်တွေမြို့မှ ကိုဗစ်အတည်ပြုလူနာ Case-375 နဲ့ စစ်တွေမြို့မှာ အသွားအလာကန့်သတ်ထားရှိသူဖြစ်ကာ အတည်ပြုလူနာနဲ့ ထိတွေ့ခြင်းမရှိသလို ပြည်ပခရီးသွားရာဇဝင်လည်းမရှိသူဖြစ်ပါတယ်။
ယခုအခါ စစ်တွေမြို့မှ ကိုဗစ်အတည်ပြုလူနာ Case-375 နဲ့ထိတွေ့ခဲ့သည်ဟုဆိုသည့် ၁၅ဦးသည် အမျိုး သား ၁ဦးနဲ့ အ မျိုးသမီး ၁၄ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အတည်ပြုလူနာအမှတ် ၃၇၈နဲ့ထိတွေ့ခဲ့သူ ၁၅ဦးကို စောင့်ကြည့်ကန့်သတ်သူများအား ထားရှိရာ ကေတုမတီ ဆောင်သို့ ဝေဠုကျော်ဖောင်ဒေးရှင်းအပါအဝင် လူမှုကူညီရေးအသင်းများမှ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။
ယခုအခါ မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာဦးရေ ၃၉၆ဦးအထိ တွေ့ရှိထားသလို ယခုရက်ပိုင်းအတွင်းမှာ ပြည်တွင်းမှာ ရောဂါဖြစ်ပွားသူမျာကိုလည်း ထပ်မံပြန်လည်တွေ့ရှိနေရာတာဖြစ်ပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment