Tuesday, August 11, 2020

ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ပဲ့ထိန်းဒုံးပျံတင်ကော်ဗက်စစ်ရေယာဉ် BNS Shongram သည် ကုလသမဂ္ဂ ငြိမ်းချမ်းရေးလုပ်ငန်းတာဝန်များထမ်းဆောင်ရန် အခြေပြုရာ ဆိပ်ကမ်းမှထွက်ခွာ

ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ပဲ့ထိန်းဒုံးပျံတင်ကော်ဗက်စစ်ရေယာဉ် BNS Shongram သည် လက်ဘနွန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ ကယ်ဆယ်ရေးလုပ်ငန်းများအား ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းတာဝန်များ ဆောင်ရွက်ရေးအဖွဲ့ဖြင့် ပူးပေါင်း‌ဆောင်ရွက်ရန် ၉-၈-၂၀၂၀ ရက်နေ့တွင် အခြေပြုရာ စစ်တကောင်း ရေတပ်အခြေစိုက်စခန်းရှိ ရေတပ်ဆိပ်ခံတံတားမှ ထွက်ခွာလာခဲ့ကြောင်း သိရှိရ ပါသည်။
အဆိုပါစစ်ရေယာဉ်ထွက်ခွာရာ၌ ဒေသဆိုင်ရာရေတပ်အကြီးအကဲဖြစ်သည့် စစ်ကောင်းရေတပ်အခြေစိုက်စခန်းမှ ဗိုလ်ချုပ် M Mahbub Ui Islal မှ ဦးဆောင်၍ အရာရှိ၊ စစ်သည်များမှ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစစ်ရေယာဉ်အနေဖြင့် လက်ဘနွန်နိုင်ငံရှိ ကုလသမဂ္ဂငြိမ်းချမ်းရေး လုပ်ငန်းတာဝန်များအား ၂ နှစ် ၈ လခန့်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့သည် ပဲ့ထိန်း ဒုံးပျံတင်ကော်ဗက်စစ်ရေယာဉ် BNS Bijoy ဖြင့် တာဝန်များချိန်းပြောင်းလဲလှယ်မည် ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာမှ အဆိုပါစစ်ရေယာဉ်တပ်တော် ဝင်ခဲ့သည့် ၁၈-၆-၂၀၂၀ ရက်နေ့ကတည်းကပင် ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်း တာဝန်များအား ထမ်းဆောင်ရမည်ဟု ကြိုတင်တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ပဲ့ထိန်းဒုံးပျံတင်ကော်ဗက်စစ်ရေယာဉ် BNS Shongram အနေဖြင့် ကုလ သမဂ္ဂ၏နိုင်ငံဇုန် ရေကြောင်းဆိုင်ရာလုပ်ငန်းအဖွဲ့လက် အောက်တွင် မြေထဲပင်လယ် အတွင်းရှိ လက်ဘရွန်နိုင်ငံတွင်အခြေစိုက်ကာ မူလတာဝန်များအပြင် လက်ဘရွန်နိုင်ငံ ၏ ကယ်ဆယ်ရေးလုပ်ငန်းများပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၎င်းစစ်ရေယာဉ်အနေဖြင့် ၁၀-၈-၂၀၂၀ ရက်နေ့တွင် စစ်ရေယာဉ်မှူး ဗိုလ်မှူးကြီး Faisal Mohammad Arifur Rahman Bhuiyan ဦးဆောင်သည့် အရာရှိ ၁၅ ဦး၊ စစ်သည် ၉၅ ဦးတို့သည် လက်ဘရွန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
စစ်ရေယာဉ်၏ အရွယ်အစားအားမှာ အလျား ၉၀ မီတာ၊ အနံ ၁၁ မီတာ၊ ရေစူး ၄.၄ မီတာနှင့် တန်ချိန် ၁၃၃၀ တန်ရှိပြီး SEMT Pielstick 12PA6 ဒီဇယ်အင်ဂျင် ၂ လုံး တပ်ဆင်ထားရှိသည့်အတွက် တစ်နာရီလျှင် ၂၅ မိုင်ခန့် မောင်းနှင် စစ်ဆင်နိုင်မည်ဖြစ်ပါသည်။ အဆိုပါစစ်ရေယာဉ်သည် Type 056 ကော်ဗက်အမျိုး အစားဖြစ်ပြီး တရုတ်နိုင်ငံ၏ Wuchang ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
လက်နက်တပ်ဆင်မှုအပိုင်းတွင် ၇၆ မမ အမြောက် ၁ လက်၊ ၃၀ မမ အနီးကပ်လေကြောင်းရန်ကာကွယ်ရေးအမြောက် ၂ လက်၊ C802A ရေယာဉ်ဖျက်ဒုံးပျံ ၄ စင်း၊ FL-3000N ရေပြင်မှ ဝေဟင်ပစ်ဒုံးပျံ ၈ စင်းနှင့် Type 87 ASW Rocket Launcher ၆ မွှာပူး ၂ လက် တပ်ဆင်ထားရှိကြောင်း တွေ့ရှိရပါသည်။ အဆိုပါစစ်ရေယာဉ်အနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်း တာဝန်များအပြင် ရေလမ်းကြောင်းမှတဆင့် တရားမဝင်လက်နက်ခဲယမ်းများ ဝင်ရောက်ခြင်းအား နိုင်ငံတကာရေတပ်များဖြင့် ပူးပေါင်းကာ ထိထိရောက်ရောက် တားဆီးလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source - Mg Moe

0 comments:

Post a Comment