Tuesday, August 11, 2020

ကမာရွတ်မြို့နယ်အနုကြမ်းစီးမှုမှာ လက်ကိုင်ဖုန်းနှစ်လုံးသာ လုယက်ခံခဲ့ရ

ကမာရွတ်မြို့နယ်က ရွှေကွန်းကွန်ဒိုမှာဖြစ်ပွားခဲ့တဲ့အနုကြမ်းစီးမှုမှာ သတင်းတွေထွက်နေသလိုရွှေငွေရတနာပစ္စည်းတွေလုယက်မခံရဘဲ လက်ကိုင်ဖုန်းနှစ်လုံးသာယူဆောင်သွားခဲ့တယ်လို့ ကမာရွတ်မြို့နယ်၊ မြို့မရဲစခန်းကသိရပါတယ်။
သြဂုတ်လ၁၀ရက်နေ့ ညက ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ ရတနာမြိုင်လမ်း၊ရွှေကွန်းကွန်ဒိုမှာဖြစ်ပွားခဲ့တဲ့ အနုကြမ်းစီးမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာပျံ့နှံ့နေတဲ့ အချက်အလက်အချို့လွဲမှားနေတယ်လို့ လည်းသိရပါတယ်။ အနုကြမ်းစီးသူတွေက အိမ်ရှင်တွေကို ဓားနဲ့မွှန်းနှိပ်စက်ခဲ့တာ မရှိသလို ရွှေငွေရတနာတွေ ယူဆောင်သွားတယ်ဆိုတဲ့ သတင်းတွေကလည်းမှန်ကန်မှုမရှိဘူးလို့ ကမာရွတ်မြို့နယ်၊ရဲစခန်းတာဝန်မှူးက အတည်ပြုပြောကြားပါတယ်။
“အိမ်ကလူတွေကို ခြေထောက်ကို လက်ထိပ်နဲ့ခတ်ပြီးပါးစပ်တွေကို တိပ်နဲ့ပတ်တာတော့ရှိတယ် ။ ဓားနဲ့မွှန်းတာမဟုတ်ဘူး။ ယောကျ်ားလေးက ပြန်ခုခံတော့ ဟိုဘက်က ဓားနဲ့တိုက်ခိုက်ရင်း ပေါင်မှာဒဏ်ရာရသွားတာဖြစ်ပါတယ် ။ လက်ကိုင်ဖုန်းနှစ်လုံးပဲ ယူသွားတယ်" လို့ ကမာရွတ်မြို့နယ် မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက Duwun ကိုပြောပါတယ်။ လက်ရှိမှာတော့ တရားလိုဘက်ကတိုင်ကြားချက်အရ (ပ)၇၇၉/၂၀၂၀ နဲ့ ရာဇ သတ်ကြီးပုဒ်မ ၃၉၄ ၊ ၃၄၂ ၊ ၁၁၄ တို့နဲ့ ပြစ်မှုကျူးလွန်သူ သုံးဦးကို အမှုဖွင့်ထားပြီးဖမ်းဆီးရမိရေးအတွက်ရပ်ကွက်အတွင်းက CCTV တွေကနေတဆင့် စုံစမ်းနေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment