Wednesday, August 19, 2020

ပညာရေးဝန်ကြီးဌာန အောက်ရှိ အခြေခံပညာ ဆရာ၊ ဆရာမများကို ကျောင်းဝတ်စုံ တစ်စုံစီ ထောက်ပံ့မည်

ပညာရေးဝန်ကြီးဌာန အောက်ရှိ အခြေခံပညာကျောင်းများ၊ ပညာရေးတက္ကသိုလ်လေ့ ကျင့်ရေး အထက်တန်းကျောင်းများ၊ ပညာရေးကောလိပ်လေ့ကျင့်ရေး အလယ်တန်းကျောင်း များရှိ ဆရာ၊ ဆရာမများအား ကျောင်းစိမ်းလုံချည်၊ ပုဆိုးတစ်ထည်စီကို ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်ဖြင့် ထောက်ပံ့မည်ဖြစ် သည်။
ဆရာတစ်ဦးလျှင် ကျပ်ငါးထောင်တန်ဖိုးရှိ စက်မှုဝန်ကြီးဌာန ထုတ် အသင့်ဝတ် ကျောင်းစိမ်းပုဆိုးတစ်ထည်၊ ဆရာမတစ်ဦး လျှင် ကျပ်ငါးထောင်တန်ဖိုးရှိ စက်မှုဝန်ကြီးဌာနထုတ် ကျောင်းစိမ်း လုံချည်စ (မချုပ်ရသေး) နှင့် လုံချည် အထက်ဆင့်တစ်ခုစီ ထောက်ပံ့မည်ဖြစ်သည်။
‘‘နှစ်စဉ်ပေးနေကျပါ။ COVID-19 ကြောင့် ပေးတာ တော့မဟုတ်ဘူး။ မြို့နယ်အလိုက်ဆရာ၊ ဆရာမတွေကို ထုတ်ပေးပါတယ်’’ဟု မကွေးတိုင်းဒေသကြီးမှ ပညာရေးမှူးတစ်ဦးကဆိုသည်။
ယခု ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမများ အား ထောက်ပံ့ရန် ပုဆိုး၊ လုံချည်
များကို ပညာရေးဝန်ကြီးဌာနက ပညာရေးမှူးရုံးများသို့ ပေးပို့ ထားသည်။
အစိုးရအဆက်ဆက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ် ရေးဝန်ကြီးဌာနအောက်ရှိ ဝန် ထမ်းများအတွက် ဝတ်စုံကြေး သီးခြားထောက်ပံ့သော်လည်း ၂၀၁၇ မှသာ အခြေခံပညာ ဆရာ၊ဆရာမများအား ကျောင်းစိမ်း လုံချည်၊ ပုဆိုးများ စတင်ထောက် ပံ့ခဲ့သည်။
အခြေခံပညာ ဆရာ၊ ဆရာမများအတွက် ၂၀၁၇-၁၈ ပညာသင်နှစ်ကစကာ ကျောင်းဝတ်စုံ ထောက်ပံ့ပေးခဲ့ပြီး ပထမဆုံး ထောက်ပံ့ပေးသည့်နှစ်တွင် လုံ ချည်၊ ပုဆိုးအပြင် အင်္ကျီစကို မိမိအစီအစဉ်ဖြင့် ဝယ်ယူနိုင်ရန် ဆရာ၊ ဆရာမတစ်ဦးလျှင် ကျပ် ငါးထောင်ကို သီးသန့်ထောက်ပံ့ခဲ့ သည်။
ပညာရေးဝန်ကြီးဌာနအနေ ဖြင့် အခမဲ့ပညာရေးဖော်ဆောင် သည့်အနေဖြင့် ၂၀၁၅-၁၆ ပညာ သင်နှစ်ကစတင်ကာ မူလတန်း ကျောင်းသားကျောင်းသူများကို စက်မှုဝန်ကြီးဌာနထုတ် ကျောင်းဝတ်စုံတစ်စုံစီ ထောက်ပံ့ခဲ့သည်။ပြီးခဲ့သည့် ၂၀၁၉-၂၀ ပညာသင် နှစ်တွင် မူလတန်းကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံအစား ဗလာစာ အုပ်ခြောက်အုပ် ပြောင်းလဲထောက်ပံ့ခဲ့သည်။
Crd : 7Day

0 comments:

Post a Comment