Thursday, August 6, 2020

ပါကစ္စတန်နိုင်ငံတွင် ထောက်ခံဆန္ဒပြပွဲအတွင် ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် လူ ၃၀ ထက်မနည်း ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ သြဂုတ် ၅ ရက်က အစိုးရတာဝန်ရှိသူတွေ ဦးဆောင်တဲ့ ကတ်ရှ်မီးယားဒေသခံ ထောက်ခံဆန္ဒပြပွဲအတွင်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်တာကြောင့် လူ ၃၀ ထက် မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယပိုင် ကတ်ရှ်မီးယားဒေသက ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်အတန်း ရုပ်သိမ်းတဲ့ တစ်နှစ်ပြည့် အခမ်းအနားမှာ ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရမ်ခန်းက သူ့နိုင်ငံထိန်းချုပ်တဲ့ ကတ်ရှ်မီးယားဒေသက လွှတ်တော်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အောက်တိုဘာတုန်းက အိန္ဒိယဝန်ကြီးချုပ်မိုဒီအစိုးရဟာ အိန္ဒိယရဲ့ တစ်ခုတည်း သော မွတ်စလင်အများစုရှိရာ ဂျမူးနဲ့ကတ်ရှ်မီးယားပြည်နယ်ရဲ့ အထူးအခွင့်အရေးတွေကို ရုပ်သိမ်းပြီး ပြည်ထောင်စုနယ်မြေ နှစ်ခုအဖြစ် ခွဲခြားလိုက်သည့်အပေါ် ပါကစ္စတန်ဝန်ကြီးချုပ်ခန်းက အိန္ဒိယအစိုးရအဆိုပါလုပ်ရပ်ကို ပြစ်တင် ရှုံ့ချ လိုက်ပြီး ပါကစ္စတန်ရဲ့ကြိုးပမ်းချက်ကြောင့် ကတ်ရှ်မီးဒေသ အနိုင်ကျင့်ခံရမှုကို ကမ္ဘာက အာရုံစိုက်လာနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီလနှောင်းပိုင်းမှာ ကတ်ရှ်မီးယား ခွဲထွက်ရေးခေါင်းဆောင် ဆာယက်အလီ ဂီလန်နီကို ပါကစ္စတန်ရဲ့အမြင့်ဆုံး အရပ်သားဆု ချီးမြှင့်သွားမယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ ပါတယ်။
>>Zawgyi<<

0 comments:

Post a Comment