Wednesday, August 26, 2020

ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်တွင် အဋ္ဌမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ အဋ္ဌမအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း အလှူမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပါတီဌာနချုပ်ရုံးတွင် ကျန်းမာရေး၀န်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီမြှင့်ခြင်း၊ ပါတီဥက္ကဋ္ဌကြီးနှင့် ပါတီတာ၀န်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်၀တ္ထုအစုစုတို့အား ဆက် ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ပြုပြုသမျှသော ကောင်းမှုတို့အား ရေစက်ချ အမျှဝြေခင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီး၊ ဒုတိယဥက္ကဋ္ဌဦးခင်ရီ၏ ဇနီး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်၀င်း၊ ဗဟိုအတွင်းရေးမှူးများဖြစ်သည့် ဒေါက်တာကျော်ကျော်ဌေး၊ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝေလွင်နှင့်ဇနီး၊ ဦးသောင်းအေးနှင့်ဇနီး၊ ဦးသူရိန်ဇော်၊ ဦးအောင်တင်မြင့်၊ ပြောရေးဆိုခွင့်ရှိသူများနှင့် ဦးစီးရုံးအဖွဲ့၀င်များက ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

Source - Competitor

0 comments:

Post a Comment