Sunday, August 9, 2020

အင်းစိန်အကျဉ်းထောင် စာစစ်ဌာနမှ ၄ဘာသာဂုဏ်ထူးရှင်ထွက်ပေါ် ခဲ့ပြီး ဂုဏ်ထူးရသူ ၇၈ဦးဖြင့် စံချိန်သစ်တင်

ယနေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်ရာတွင် အင်းစိန်အကျဉ်းထောင်စာစစ်ဌာနမှ ၄ဘာသာဂုဏ်ထူးရှင်ထွက်ပေါ် ခဲ့ပြီး အကျဉ်းထောင်၊ အချုပ်စခန်း စာစစ်ဌာန ၁၁ခုမှနေ၍ အကျဉ်းသား၊အချုပ်သား ဖြေဆိုသူ ၁၇၈ဦးတွင် အောင်မြင်သူ ၁၀၈ဦးရှိကာ ဂုဏ်ထူးရသူ အများအပြားလည်းပေါ်ထွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်နှင့်မန္တလေးအကျဉ်းစာစစ်ဌာနတို့၏ အောင်ချက်သည် ၆၀ရာခိုင်နှုန်းအသီးသီးရှိခဲ့ကြသည်။
ရန်ကုန်အင်းစိန်ထောင်မှ ဝင်ဖြေသူ ၈၅ဦးရှိရာတွင် အောင်မြင်သူ ၅၈ဦး ၄ဘာသာဂုဏ်ထူးရှင် ဦး၊၃ဘာသာဂုဏ်ထူးရှင် ၃ဦး၊၂ဘာသာဂုဏ်ထူးရှင် ၆ဦး၊၁ဘာသာဂုဏ်ထူးရှင် ၂၄ဦး၊ရိုးရိုးအောင် ၂၄ဦးရှိခဲ့သည်။
မန္တလေးအကျဉ်းထောင်မှ ဝင်ဖြေသူ ၈၂ဦးရှိရာတွင် အောင်မြင်သူ ၅၃ဦး၊၃ဘာသာဂုဏ်ထူးရှင် ၈ဦး၊၂ဘာသာဂုဏ်ထူးရှင် ၂၄ဦး၊၁ဘာသာဂုဏ်ထူးရှင် ၁၆ဦး၊ရိုးရိုးအောင် ၅ဦးရှိခဲ့သည်။
အကျဉ်းဦးစီးဌာနပြောခွင့်ရဒုတိယညွှန်ကြားရေးမှူးဦးရဲရင့်နိုင်က "စာမေးပွဲဖြေမယ့် ကလေးတွေကိုကျွန်တော်တို့ကသီးခြားထားတယ်။အကျဉ်းထောင်ဝတ်စုံတောင်မဝတ်ခိုင်းထားဘူး။ရှင်းရှင်းပြောရင် အကျဉ်းဦးစီးဌာနက ပညာရေးကိုတအား အားပေးတယ်။စာသင်ပေးတာတွေ၊ပညာဒါန အပြင်က ဆရာတွေလည်းလာသင်ပေးတာတွေရှိတယ်၊ထောင်ထဲမှာလည်း အထက်တန်းကျောင်းရှိတော့ဘော်ဒါဆောင်လိုဖြစ်နေတာပေါ့ဗျာ။ဘော်ဒါဆောင်ထက်တောင် ပိုသာမယ်ထင်တယ်။ဒီစာတစ်ခုပဲ သူတို့မှာရှိတယ်။ နောက်ပြီး ဘဝနာသွားတာလည်းပါတယ်ထင်တယ်။ အပြင်ထက် ပိုကြိုးစားကြတယ်။နောက်တစ်ခုရှိတာက ဂုဏ်ထူးထွက်ရင် နိုင်ငံတော်အကြီးအကဲတွေက လွတ်ငြိမ်းတို့၊ပြစ်ဒဏ်လျော့ပေါ့တာတွေ ချီးမြှင့်တတ်တော့ ကလေးတွေကပိုကြိုးစားကြတယ်။ ဒီတော့ ဂုဏ်ထူးထွက်သူ အများကြီးဖြစ်နေတာပါ"ဟု ရှင်းပြခဲ့သည်။
crd-Myanmar Harp #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment