Thursday, August 6, 2020

ဝေါမြို့နယ်တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်ဇနီးနဲ့ တူတော်စပ်သူကို စိတ်ကြွဆေးပြား (၂၀၀)ကျော်နဲ့ဖမ်းမိ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံဇနီးနဲ့ တူတော်စပ်သူအမျိုးသားတစ်ယောက်ကို စိတ်ကြွရူးသွပ် ဆေးပြား(၂၀၀)ကျော်နဲ့အတူ သြဂုတ်လ(၄)ရက်က ဝေါမြို့နယ်ရဲစခန်းက ဖမ်းဆီးရမိထားတယ်လို့ ရဲစခန်းက သိရပါတယ်။
"(၂၀၂) ပြားကို ကျော်ကျော်နဲ့ နှစ်ယောက်ကို ဖမ်းမိတာ။ တစ်နေ့က ညပိုင်းက မြို့ဝင်မှာတပ်ဖွဲ့ဝင်တွေက တရားဥပဒေစိုးမိုးရေးအတွက် စစ်ဆေးတာမှာတွေ့တာပေါ့နော်။"လို့ ဝေါမြို့နယ်ရဲစခန်းမှူး ဒုတိယရဲမှူးရဲစိုးက ပြောပါတယ်။
သူတို့(၂)ယောက်ဟာ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့ဘက်ကနေ ကျိုက်ထိုမြို့ဘက်ကိုမောင်းနှင်လာတာဖြစ်ပြီး သက်ဆိုင်ရာက ရပ်တန့်စစ်ဆေးချိန်မှာတော့ ဆိုင်ကယ်ရဲ့ Tool Box ထဲကနေ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ကျော်ကို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တောအေးဇံကတော့ အခုဖမ်းမိတဲ့သူဟာ သူ့ဇနီးရဲ့ ဝမ်းကွဲအမရဲ့သားဖြစ်ပြီးသူနဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ဖြေကြားခဲ့ပြီး ဝန်ကြီးချုပ်နဲ့ နီးစပ်သူတစ်ယောက်ကတော့ အခုဖမ်းမိတဲ့သူဟာ ဝန်ကြီးချုပ်ဇနီးရဲ့အကိုရဲ့သားဖြစ်ပြီး အမွေပြတ်စွန့်လွှတ်ထားသူဖြစ်တယ်လို့လည်း ပြောပါတယ်။
အဲဒီအမှုကိုတော့ ဝေါမြို့နယ်ရဲစခန်းက (ပ)၃/၂၀၂၀၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
>>Zawgyi<<

0 comments:

Post a Comment