Saturday, August 15, 2020

ပင်းလောင်းမြို့နယ်တွင် ဒေသကာလပေါက်စျေးငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရသက်သေများနှင့်အတူ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာနှင့် ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ကျေးရွာသွား ကျေးရွာချင်းဆက်တောလမ်းတွင် ညောင်လေးပင်ကျေးရွာဘက်မှ နန်းတုတ်ကျေးရွာဘက်သို့ ခွန်စန္ဒာမောင်းနှင်လာသည့် MARK II အမျိုးအစားမော်တော်ယာဉ်နှင့် ပင်လောင်း မြို့နယ်၊ လိင်းဗွာလကျေးရွာနေ ရဲဝင်း ၃၂ နှစ် မောင်းနှင်လာသည့် MARK II အမျိုးအစား မော်တော်ယာဉ်တို့ အားစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ခွန်စန္ဒာမှာထွက်ပြေးသွားခဲ့သဖြင့် အဆိုပါ မော်တော်ယာဉ်များအားရှာဖွေရာ ရဲဝင်း မောင်းနှင်သည့် မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်၊ ကော်ဘူးများဖြင့်ထည့်ထားသည့် ဘိန်းစိမ်းအလေးချိန် ၁၅၉.၄ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၁၀၃၆.၁)နှင့် လက်ကိုင်ဖုန်း ၁ လုံး၊ ခွန်စန္ဒာ မောင်းနှင်သည့်မော်တော် ယာဉ်ပေါ်မှ လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါဘိန်းစိမ်း များအား ၎င်းတို့ အတူတကွသယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ပင်လောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး ခွန်စန္ဒာအား ဖမ်းဆီးရမိရေးနှင့် ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
>>zawgyi<<
ပင်းလောင်းမြို့နယ်တွင် ဒေသကာလပေါက်စျေးငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ
Saturday, August 15, 2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရသက်သေများနှင့်အတူ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာနှင့် ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ကျေးရွာသွား ကျေးရွာချင်းဆက်တောလမ်းတွင် ညောင်လေးပင်ကျေးရွာဘက်မှ နန်းတုတ်ကျေးရွာဘက်သို့ ခွန်စန္ဒာမောင်းနှင်လာသည့် MARK II အမျိုးအစားမော်တော်ယာဉ်နှင့် ပင်လောင်း မြို့နယ်၊ လိင်းဗွာလကျေးရွာနေ ရဲဝင်း ၃၂ နှစ် မောင်းနှင်လာသည့် MARK II အမျိုးအစား မော်တော်ယာဉ်တို့ အားစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ခွန်စန္ဒာမှာထွက်ပြေးသွားခဲ့သဖြင့် အဆိုပါ မော်တော်ယာဉ်များအားရှာဖွေရာ ရဲဝင်း မောင်းနှင်သည့် မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ်၊ ကော်ဘူးများဖြင့်ထည့်ထားသည့် ဘိန်းစိမ်းအလေးချိန် ၁၅၉.၄ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၁၀၃၆.၁)နှင့် လက်ကိုင်ဖုန်း ၁ လုံး၊ ခွန်စန္ဒာ မောင်းနှင် သည့်မော်တော် ယာဉ်ပေါ်မှ လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါဘိန်းစိမ်း များအား ၎င်းတို့ အတူတကွသယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ပင်လောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး ခွန်စန္ဒာအား ဖမ်းဆီးရမိ ရေးနှင့် ကွင်းဆက် များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment