Saturday, August 22, 2020

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား (၅၆၅)ဦး မြဝတီ ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှ ယနေ့ ဆက်လက်ဝင်ရောက်


ယနေ့ဩဂုတ်လ (၂၂)ရက်နေ့၊ နံနက်(၆)နာရီမှ ညနေ (၆) နာရီအချိန်အထိတွင် မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ်(၂)ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံ ခရိုင်ဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မိမိအစီအစဉ်များဖြင့် ပြန်လည်ဝ်ရောက်လာရာ အမျိုးသား (၃၅၈) ဦးနှင့်အမျိုးသမီး(၂၀၇)ဦး စုစုပေါင်း( ၅၆၅)ဦးဖြစ်ပါသည်။
အများစုက ကိုယ်ဝန်ဆောင်သူများ၊ ကျောင်းပြန်တက်ရမည့် ကလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် စက်ရုံလုပ်ငန်းများ ကာလရှည်သွာပိတ်ထားသဖြင့် အလုပ်နည်းပါးလာသောကြောင့် ပြန်လာကြသော သူများဖြစ်ကြောင်း သိရှိရပါသည်။
ယင်းပြန်ဝင်ရောက်လာသောသူများ မြဝတီခရိုင် တာဝန်ရှိသူများက ထိုင်းနယ်စပ်ဂိတ် မဲဆောက်ဘက်ခြမ်းသို့ သွားရောက်ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာဒေသအသီးသီး Quarantine Center သို့ (၂၁)ရက် ထားရှိရန် စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါသည်။



Crd : MRTV

0 comments:

Post a Comment