Friday, August 14, 2020

၂၀၂၁ ခုနှစ်တွင် အစိုးရ ရုံးပိတ်ရက် ရက်ပေါင်း ၃၀ ကျော်ရှိပြီး သင်္ကြန်ပိတ်ရက် ၇ ရက်ပါဝင်

၂၀၂၁ ခုနှစ်အတွင်း အစိုးရ ရုံးပိတ်ရက် ရက်ပေါင်း ၃၀ ကျော်ရှိပြီး သင်္ကြန်ရုံးပိတ်ရက် ၇ ရက်ရှိတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ထုတ်ပြန်ချက်တွင် ၂၀၂၁ခုနှစ်ရုံးပိတ်ရက်များကို အစိုးရအဖွဲ့ကကြေညာရာ ၃၄ ရက်ရှိပြီး သင်္ကြန်ပိတ်ရက်ပေါင်း(၇)ရက်ရှိပါတယ်။
၂၀၂၁ခုနှစ်အတွက် အများပြည်သူတွေရဲ့အလုပ်ပိတ်ရက်ကို ပြည်ထောင်စုအစိုးရအဖွဲ့က ဇွန်လ(၂)ရက် ရက်စွဲနဲ့ အမိန့်ကြော်ငြာစာအမှတ်(၄၁/၂၀၂၀)နဲ့ထုတ်ပြန်ကြေညာထားပါတယ်။
ထုတ်ပြန်ချက်အရ စုစုပေါင်းရုံးပိတ်ရက်တွေဟာ၃၄ရက်ရှိနေပြီး အများပြည်သူအလုပ်ပိတ်ရက်နဲ့ တစ်ဆက်တစ်စပ် မဟုတ်တဲ့ ပုံမှန်စနေ၊တနင်္ဂနွေပိတ်ရက်တွေမပါဝင်ပဲ ၃၄ရက်တိတိအားရက်ရရှိကြမှာဖြစ်ပါတယ်။
Ref ;MyanmaPlatform

0 comments:

Post a Comment