Sunday, August 23, 2020

လူစုလူဝေးများသည့် ကျုံးအရှေ့ဘက်ခြမ်းနှင့် မန္တလေးတောင်တို့အား ရက်အကန့်အ သတ်မရှိ ပိတ်ပင်

COVID-19 ပြည်တွင်းကူးစက်မှုဖြစ်ပေါ်လာသည့်အတွက် ကျုံးအရှေ့ဘက်ခြမ်းနှင့် မန္တ လေးတောင်တို့အား သြဂုတ်လ ၂၂ရက်မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီဖြစ်ကြောင်းသိရသည် ။
မန္တလေး ကျုံးအရှေ့ခြမ်း ၆၆လမ်း ပလက် ဖောင်း၌ အများပြည်သူအပန်းဖြေ နားနေခြင်းမပြုရန် သက်ဆိုင် ရာ ထွေအုပ်၊ ရဲတပ်ဖွဲ့နှင့် စည်ပင်တာဝန်ရှိသူများ ပါဝင်သော ပူး ပေါင်းအဖွဲ့က လိုက်လံအသိပေး တားမြစ်ခဲ့ပြီး ထိုင်ခုံနှင့် အားကစားပစ္စည်းများအား တားမြစ်ကြိုးများ ကပ်ထားခဲ့သည်။
ထို့ပြင် မန္တလေးတောင်ပေါ်သို့ခြေလျင်လမ်း လျှောက်ခြင်း ၊ စက်ဘီးစီးနင်းခြင်းတို့ဖြင့်တက်ရောက်၍ အား ကစားပြုလုပ်ခြင်းကိုလည်းရက်အသန့်အသတ်မရှိပိတ်ပင်ခဲ့သည် ။
" ကျုံးအရှေ့ဘက် နဲ့ မန္တလေးတောင်ပေါ်က လူစုလူဝေးလဲများတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးလိုက်နာမှုကလည်း အားနည်းနေကြတယ် ။လူစုလူဝေးကလည်းများတဲ့အတွက် ရက်အကန့်အသတ်မရှိပိတ်လိုက်တာပါ " ဟု မန္တလေးခရိုင်အုပ်ချုပ်ရေးမှူ ဦးအောင်မွန်လတ်ကပြောသည် ။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကူးစက်မှုများ ဖြစ်ပွားနေပြီး စစ်တွေမြို့၌ တစ်ပတ်အတွင်း COVID-19 အတည်ပြုလူနာ (၄၀)ကျော် တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါသည် အထူးမြန်ဆန်လျှက်ရှိကြောင်း၊ စစ်တွေမြို့နယ်၌ ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲနေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဗိုင်းရပ်စ်ပိုး၏မျိုးဗီဇကို ဆေးသုတေသနဦးစီးဋ္ဌာန၌ စစ်ဆေးဖော်ထုတ်သွားမည် ဖြစ် ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
သြဂုတ်၂၂ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၄၄) ဦးရှိပြီဖြစ်ကာ သေဆုံးသူ ခြောက်ဦး ရှိခဲ့သည်။
Ref ; The Fifth Wave News

0 comments:

Post a Comment