Wednesday, August 26, 2020

ပြည်သူများစည်းကမ်းလိုက်နာပေးကြဖို့ မန်းမြို့တော်ဝန် တိုက်တွန်း

မန္တလေးမြို့မှာ အခုအချိန်အထိ ပြည်တွင်းကူးစက်မှု မရှိသေးပေမယ့် ကြိုတင်ကာကွယ်မှုတွေကို လစ်လျူရှုထားရင် မကြာခင် ပြည်တွင်းကူးစက်မှု ကြုံတွေ့ရမှာဖြစ်လို့ ပြည်သူတွေ စည်းကမ်းလိုက်နာပေးကြဖို့ မြို့ တော်ဝန် ဒေါက်တာရဲလွင်က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ၅ ရက်က နှာခေါင်းစည်းတပ်ဆင်မှု ၅% လောက်သာရှိပြီး ပညာပေးပန်ကြားချက်နဲ့ ကန့်သတ်ချက်တွေကြောင့် ၈၀% လောက်အထိ တိုးလာပေမယ့် ရာနှုန်းပြည့် မတပ်မချင်း ထိရောက်မှု အပြည့်အဝမရနိုင်တဲ့အတွက် စည်းကမ်းကြပ်မတ်ရာမှာ ပြည်သူတွေပါ ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံတယ်လို့ ဒေါက်တာရဲလွင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
'' လောလောဆယ် ဈေးတွေ၊ အဝေးပြေးကားဝင်းတွေ၊ လမ်း check point တွေမှာ mask မတပ်သူတွေကို ဒဏ်ကြေးအနေနဲ့ ၅၀၀၀သတ်မှတ်ပြီး homemade mask ၃ခု ပြန်ပေးနေတာတောင် ဂရုမစိုက်သူတွေရှိနေပါသေးတယ်''လို့ ဒေါက်တာရဲလွင်က ရေးသားထားပါတယ်။
ကျုံးဘေးပလက်ဖောင်းမှာ ကျန်းမာရေးအတွက်လမ်းလျှောက်သူများလာလို့ လောလောဆယ် ယာယီတားဆီးထားသလို အကန့်အသတ်နဲ့ ဖွင့်ခွင့်ပေးထားတဲ့ အခင်းကျောက်ဝိုင်းကိုလည်း ယနေ့ကစပြီး ခေတ္တပြန်ပိတ်မယ်လို့ ဆိုပါတယ်။
Ref ;Yoyarlay

0 comments:

Post a Comment