Sunday, August 23, 2020

သံဖြူဇရပ်-မော်လမြိုင်ကားလမ်းမကြီး ရေပြန်ကျ၊ ကားလေးများကို ပြန်လည်ဖြတ်သန်းခွင့်ပြု

မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါရွာတံတား သံဖြူဇရပ်-မော်လမြိုင် ကားလမ်းမကြီး ရေကျသွားတဲ့အတွက် နေ့လယ် ၁၂ နာရီခန့်မှာ ကားလေးများပြန်လည် ဖြတ်သန်းသွာခွင့် ပြုလိုက်ပြီလို့သိရပါတယ်။
"မနက် ၉ နာရီကျော်လောက်က ရေ ၃ ပေခွဲလောက်ထိတက်တော့ ကားလေးတွေ ပေးမဖြတ်ပါဘူး။ ၁၁ နာရီ ၄၅ မှာတော့ ရေက ၂ ပေခွဲဖြစ်သွားလို့ ကားလေးတွေကို စနစ်တကျပေးဖြတ်တယ်။ ဆိုင်ကယ်တွေကိုလည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေကကူညီပြီး ပေးဖြတ်နေတာပေါ့။ မော်လမြိုင်ဘက်ကို သွားတဲ့လမ်းကြောကားကို ၁၀ စီးလွှတ် ၊ ပြီးရင် ဒီဘက်က ကားကို ၁၀စီးလွှတ် အဲဒီပုံစံနဲ့သွားနေတယ်။ ခုက မိုးလည်းမရွာတော့ ရေဆက်ကျနိုင်ဖွယ်ရှိတယ်" လို့ အဲ့ဒီနေရာကို ကူညီကယ်ဆယ်ရေးရောက်နေတဲ့ သံဖြူဇရပ်၊ အခမဲ့ အရေးပေါ်လူနာတင်ယာဉ်နာရေးကူညီမှုအသင်းက ဦးကျော်ဝင်းကပြောပါတယ်။
ဒီကနေ့ သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက မုဒုံမြို့နယ် နှီးပဒေါရွာတံတား သံဖြူဇရပ်-မော်လမြိုင် ကားလမ်းမကြီး မှာ ရေ ၃ ပေခွဲလောက်အထိ တက်ခဲ့တဲ့အတွက် ကားလေးတွေကို ဖြတ်သန်းသွားလာခွင့် မပြုခဲ့တာကြောင့် ကားအစီး ၁၀၀ ကျော်လောက် ပိတ်ဆို့မှုဖြစ်ခဲ့ပါတယ်။
လက်ရှိမှာတော့ပိတ်ဆို့နေတဲ့ကားတွေကို လမ်းကြောင်း တစ်ဖက်စီကို တကြိမ် ၁၀ စီးခန့်စီ ပေးလွှတ်တဲ့ ပုံစံနဲ့ ကားတွေပေးဖြတ်နေတယ်လို့သိရပါတယ်။
အဲ့ဒီလမ်းပိုင်းမှာ ခရီးသွားပြည်သူတွေကို လမ်းဖြတ်ကူးဖို့ ကူညီဆောင်ရွက်ပေး‌ေနသူပေါင်း အယောက် ၅၀ အထက်ရှိပြီး လူမှုကယ်ဆယ်ရေးအဖွဲ့ ၊ရဲနပ်ဖွဲ့ ၊ပရဟတိ အဖွဲ့တွေ ရောက်ရှိနေပါတယ်။
ဒါ့အပြင်ရေး-သံဖြူဇရပ်လမ်းပိုင်းစခန်းကြီးကျေးရွာ၊ လမ်းမတွေမှာလည်း ရေ‌ေကျာ်တဲ့နေရာတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ ရေပြန်ကျသွားတယ်လို့ သိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment